ဂျယ်မင်း စူးရှနေတဲ့ ပိုးသတ်ဆေးအနံ့တွေကြောင့် နိုးလာရသည်။ တရိပ်ရိပ်မူးနေတဲ့ ခေါင်းကိုဖိထားရင်း ထထိုင်လိုက်တော့မှ ဆေးရုံထဲကို ရောက်နေတာမှန်း သိလိုက်ရ၏။ ထို့ကြောင့် မူးမလဲခင်က အကြောင်းအရာတွေကို ပြန်တွေးမိပြီး သူ့ကိုယ်သူ တစ်ခုခုများဖြစ်သွားပြီလားလို့ စမ်းသပ်ကြည့်မိတော့ ဘာမှဖြစ်မနေလို့ စိတ်အေးသွားရသည်။
လက်မှာကလည်း ဆေးပိုက်တန်းလန်းနဲ့...။ မဟုတ်မှ သူ့ကို ဆေးရုံခေါ်လာပေးခဲ့တာ ဂျဲနိုများလား။
ဂျယ်မင်း ကိုယ့်အတွေးနဲ့ကိုယ် ရယ်ပစ်လိုက်မိသည်။ ဂျဲနိုကဖြင့် သူ ထထွက်လာတာတောင် နောက်ကလိုက်မလာခဲ့တာကို ဘာတွေလျှောက်တွေးနေတာတဲ့လဲ။ ကိုယ့်ခေါင်းကိုယ် ပြန်ထုရင်း ငြိမ်ငြိမ်လေးထိုင်နေတုန်း အစောပိုင်းက သူ့နောက်ကို လိုက်လာတဲ့ ဦးလေးကြီးကို မြင်လိုက်ရ၏။
"နိုးလာပြီလား"
တရင်းတနှီးမေးလာတဲ့လူကို ဂျယ်မင်း ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ပြလိုက်မိသည်။ ထိုအခါ အဲ့ဒီဦးလေးကြီးက ဂျယ်မင်းရှေ့မှာဝင်ထိုင်လာသည်မို့ ဂျယ်မင်းက နောက်ကိုတောင် နည်းနည်းဆုတ်လိုက်ရ၏။
"မကြောက်ပါနဲ့၊ မကောင်းတဲ့လူ မဟုတ်ပါဘူး"
"ဒါဆို...ဘာလို့ ကျွန်တော့်နောက်ကို လိုက်လာတာလဲ... Stalker လိုမျိုး..."
"ရား...ဘာမှမသိသေးဘူးပဲ..."
ဦးလေးကြီးက ပြောလည်းပြော၊ သူ့အင်္ကျီအတွင်းအိတ်ထဲက ကဒ်လေးတစ်ကဒ်ကိုထုတ်ပြီး ဂျယ်မင်းဆီကို ကမ်းပေးလာတယ်။ ဒါကြောင့် ဂျယ်မင်း အဲ့ဒီကဒ်ကိုလှမ်းယူပြီး သေချာကြည့်တော့မှ မကောင်းတဲ့သူမဟုတ်မှန်း သိလိုက်ရတော့တာလေ။ ဒါပေမဲ့ Stalkerလိုမျိုး သူ့နောက်ကို လိုက်ခဲ့တာကတော့ မှန်နေသေးတာပဲ။
"JL Entertainment...? Casting Team? ဦးလေးကြီးရဲ့အလုပ်က ဒီလို အသက်မပြည့်သေးတဲ့ ကျောင်းသားတွေနောက်ကို Stalk ရတဲ့အလုပ်လား"
ဂျယ်မင်းရဲ့မေးခွန်းကြောင့် အဲ့ဒီလူရဲ့မျက်နှာက ရှုံ့မဲ့သွား၏။ ဂျယ်မင်းကသာ ဦးလေးကြီးလို့ခေါ်နေတာ၊ အသက်က အလွန်ဆုံးရှိရင် (၃၀)ကျော်ရုံလောက်ပေါ့။ ဒါပေမဲ့ ဂျယ်မင်းထက်တော့ ထက်ဝက်မကကြီးနေတာမို့ ဦးလေးကြီးခေါ်ရင်လည်း လွန်ရာတော့ကျမယ်မထင်ပါဘူး။
KAMU SEDANG MEMBACA
tbh [Complete]
Fiksi PenggemarNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........