31

530 38 22
                                    

မနက်ခင်းမှာကတည်းက ဂျယ်မင်းက ဂျဲနိုကို လိုက်စနောက်နေပြီး အရှုပ်ထုပ်ကလေးလုပ်နေဖြစ်၏။

"... ငြိမ်ငြိမ်နေ.."

ဂျဲနိုရဲ့ အက်ရှရှ တားမြစ်သံကြောင့် ဂျယ်မင်းက ပြုံးလိုက်မိရသည်။ နောက်ပြီး စကားကို နားမထောင်ဘဲ ဂျဲနိုရဲ့ ရင်ခွင်ထဲကို တလှုပ်လှုပ်နဲ့ တိုးသွားမိပြီး ခဏလောက်နေတော့ ဂျဲနိုရဲ့ shave မလုပ်ရသေးတဲ့ မေးဖျားလေးပေါ် ဖိနမ်းမိတော့တာ။

"ဂျယ်မင်း.."

"ဖက်ထားပေး"

ဂျယ်မင်းက တောင်းဆိုလိုက်တော့ ဂျဲနိုက အိပ်ချင်မူးတူးဖြစ်နေရင်းက ဂျယ်မင်းကို ပွေ့ပိုက်ပေးလာသည်။ နောက်ပြီး ဂျယ်မင်းရဲ့ ဆံပင်လေးတွေထဲ မျက်နှာနှစ်ထားရင်း ငြိမ်သွားပြန်တာမို့...

"ဂျဲနို.."

"အွန်း"

"ဂျဲနိုလို့"

"‌..ပြောလေကွာ"

"စိတ်မရှည်တာလား"

ဂျယ်မင်းက ရစ်စရာမရှိ ရှာကြံရစ်မိနေတဲ့ ရစ်လုံးကလေးဖြစ်နေရတော့တာ။ ဂျဲနိုကတော့ အိပ်ရေးမဝသေးလို့ မျက်လုံးတွေကို မှိတ်ထားရင်းက ဟင်းခနဲ ရယ်နေပြီး ဂျယ်မင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပစ်လိုက်ရင်း...

"မဟုတ်ပါဘူး၊ ကိုယ် အိပ်ရေးမဝသေးလို့ပါ"

"ဘာပဲဖြစ်ဖြစ်လေ..၊ ငါခေါ်တာကို မင်းက စိတ်မရှည်ဖြစ်နေတာပဲကို"

"အဲ့လိုမဟုတ်ပါဘူး"

ဂျဲနိုက စကားပြောရင်းမှာတောင် ပြန်အိပ်ပျော်သွားတော့မလိုမျိုး ငြိမ်ကျသွားပြန်တာမို့ ဂျယ်မင်းက ဂျဲနိုရင်ခွင်ထဲကနေ ကုန်းရုန်းထပြီး ဂျဲနိုကို မျက်မှောင်ကုတ်ကလေးနဲ့ ကြည့်မိတော့သည်။ ထိုအခါ ဂျဲနိုက မပွင့်တပွင့် မျက်လုံးတွေနဲ့ ဂျယ်မင်းကို မော့ကြည့်လာပြီး ဂျယ်မင်းရဲ့ ရှုပ်ပွနေတဲ့ ဆံပင်လေးတွေကို လက်ချောင်းတွေနဲ့ ဖြီးသင်ပေးလာ၏။ နောက်ပြီး အိပ်ရေးဝနေလို့ ဖောင်းဖောင်းလေးဖြစ်နေတဲ့ ဂျယ်မင်းရဲ့ပါးလေးတစ်ဖက်ကို လာညှစ်ရင်း...

"ဘာပြောမလို့လဲ"

"ပြောစရာရှိမှခေါ်ရမှာလား"

tbh [Complete]Where stories live. Discover now