08

248 29 27
                                    

"...ဂျဲနို"

သူ့အင်္ကျီစကို ဆွဲထားရင်း တိုးတိုးလေးခေါ်လာတဲ့ ဂျယ်မင်းကြောင့် ဂျဲနိုရဲ့ ခြေလှမ်းတွေက တုံ့ခနဲရပ်တန့်သွားရသည်။ ပြန်လှည့်ကြည့်တော့ သူ့အဝတ်အစားတွေအောက်မှာ မြုပ်နေတဲ့ ဂျယ်မင်းကိုတွေ့ရ၏။ အရင်က ခပ်နွမ်းနွမ်းအဝတ်အစားလေးတွေနဲ့တောင် မဖုံးဖိထားနိုင်တဲ့ ရုပ်ရည်အသွင်အပြင်က ပြောင်းလဲလိုက်တဲ့အဝတ်အစားတွေကြောင့် ပိုပြီးတောက်ပလာသလိုမျိုး ဂျယ်မင်းက အရမ်းကြည့်ကောင်းနေလျက်ရှိသည်။

"ဘာလို့လဲ"

ဂျဲနိုက သူ့အင်္ကျီကိုဆွဲထားတဲ့ ဂျယ်မင်းရဲ့လက်ကလေးကို ဆွဲယူဆုပ်ကိုင်ပေးလိုက်ရင်း တိုးတိုးလေး‌‌ မေးလိုက်မိ၏။ စိုးရိမ်စိတ်တွေများနေတဲ့ ဂျယ်မင်းရဲ့ မျက်လုံးလေးတွေက သနားချင်စရာကောင်းလောက်အောင် မှေးမှိန်နေလို့ ဂျဲနိုမှာ ရင်မောရသည်။  အခုချိန်ထိ သူ ဂျယ်မင်းရယ်တာကို မမြင်ဖူးရသေးပေမဲ့ ဂျယ်မင်း ငိုတာ၊ ဒီလိုမျိုး သိမ်ငယ်စိတ်ကလေးတွေကြောင့် မျက်လုံးလေးတွေ မှိန်ဖျော့နေတာကို မြင်ရခြင်းက ဂျဲနိုရင်ကို ကျင်ခနဲ နာကျင်သွားစေ၏။

"ဂျယ်မင်းနီး... မကြောက်နဲ့၊ ငါ့ကိုပဲကြည့်၊ ငါ မင်းရှေ့မှာရှိတယ်၊ နော်?"

ဂျဲနို‌ ပြောလိုက်ပေမဲ့ ဂျယ်မင်းကတော့ ခေါင်းမညိတ် ခေါင်းမခါနဲ့ ဂျဲနိုကိုကြည့်နေသေးဆဲ။ ထို့ကြောင့် ဂျဲနိုက ဂျယ်မင်းရဲ့ လက်ကလေးကို တင်းနေအောင် ဆုပ်ကိုင်ပေးထားရင်း မီးဖိုခန်းဘက်ကို ဝင်လာခဲ့လိုက်သည်။ ထိုအခါ ဂျဲနိုတို့အတွက် မနက်စာပြင်ပေးနေတဲ့ မေမေ့ကိုတွေ့ရသည်။

ဂျဲနိုက ဂျယ်မင်းကို ခေါ်လာတဲ့ကိစ္စကို မေမေပြန်သိမယ်ဆိုတာ ကြိုတွေးထားပြီးသားပေမဲ့ ဒီလိုမျိုး မနက်အစောကြီး ရောက်လာလိမ့်မယ်လို့တော့ ဂျဲနို မမျှော်လင့်ခဲ့မိတာ အမှန်ပင်။ မနက်က သူ ရေတွေကို သုတ်ပစ်နေတုန်း ပင်ပန်းနွမ်း‌နယ်နေတဲ့မျက်နှာနဲ့ မေမေ့ကိုမြင်လိုက်ရတာမို့ လန့်သွားရသေးသည်မဟုတ်လား။ နောက်တော့ မေမေ့ရဲ့ စေခိုင်းမှုနဲ့ ဂျဲနိုက ဂျယ်မင်းကို သွားခေါ်လာရသည်။

tbh [Complete]Donde viven las historias. Descúbrelo ahora