19

252 26 49
                                    

"...ဂျဲနို! အစ်ကိုဂျဲနို!!"

"အွန်..ဟင် ဘာလဲ"

ဂျဲနိုက ဂျယ်မင်းကို အဝေးကြီးကနေ လှမ်းမြင်လိုက်ရရုံနဲ့တောင် စိတ်နဲ့လူနဲ့ မကပ်နေတော့ပါဘူး။ လေဆိပ်ကနေအပြန် မီချောလ်တို့နှစ်ယောက်နဲ့ ညစာသွားစားတာကိုတောင် ဂျဲနိုက တွေးငေးဆွေးပြီး zoom out ဖြစ်နေရတာလေ။

"ဘာမှမဟုတ်တော့ဘူး၊ ဘာမှမဟုတ်တော့ဘူး"

မီချောလ်က စိတ်ကုန်လိုက်တာဆိုတဲ့ပုံစံမျိုးနဲ့ ဘာမှမဟုတ်ကြောင်းပြောလာမှ ဂျဲနိုက အရှက်ပြေရယ်ရင်း ကိုယ့်ဂုတ်ကိုယ်ပြန်ပွတ်မိရတော့တာ။ ဒါတောင် အဝေးကြီးကမြင်ရလို့။ အနီးကပ်သာဆို ဂျဲနိုကတော့ အသက်ဘယ်က‌ထွက်သွားသလဲတောင် သိမှာမဟုတ်ပါချေ။

"ဆောရီး .. ခုန ဘာပြောနေတာလဲ"

"ဘယ်မှာတည်းတာလဲလို့"

"Coachella နားက ဟိုတယ်မှာ"

"အော်.. ဒါဆို မနက်ဖြန်ကျ အစ်ကို အဲ့ကနေပဲ စောင့်တော့လေ၊ Ticket ဝယ်ပြီးပြီလား"

"အွန်း ပြီးပြီ"

"ညီမတို့က စားလို့ပြီးပြီ၊ အစ်ကိုကရော"

"ပြီးပြီ၊ ဆောရီး... ဘေလ်သွားရှင်းလိုက်ဦးမယ်နော်"

ဂျဲနိုက ကမန်းကတမ်းနဲ့ထပြီး ဘေလ်သွားရှင်းလိုက်ရ၏။ ထို့နောက်မှာတော့ မီချောလ်တို့နှစ်‌ယောက်ကို လိုက်ပို့ပြီးမှ ကိုယ်တည်းမဲ့နေရာကိုပြန်လာခဲ့ရသည်။ ဟိုတယ်ကိုရောက်တဲ့အထိလည်း ဂျဲနိုက ကြည်နူးစိတ်ကိုမဖျောက်နိုင်သေး။ ခေါင်းအုံးကို ရင်ခွင်ထဲ ထည့်ပိုက်ထားပြီး အိပ်ယာပေါ်မှာ လူးလွန့်နေမိတော့တာ။

"အား!! ချစ်စရာလေး! ချစ်စရာလေး!! သေတော့မှာပဲ!!"

အတော်လေးကို သည်းခံအောင့်အည်းထားရတဲ့အသံမျိုးနဲ့ ဂျဲနိုက ပြောမိရင်း အိပ်ယာထဲမှာ လူးလွန့်လိုက်မိတာ အရှိန်လွန်ပြီး အောက်ကိုပြုတ်ကျသွားတဲ့အထိပင်။ ထိုအခါတွင်တော့ ဂျဲနိုက တစ်ယောက်တည်း တဟားဟားအော်ရယ်မိတော့တာ။ တကယ်ကိုပဲ မနက်ဖြန်ကိုရောက်ဖို့ မစောင့်နိုင်တော့ပါဘူး။

နောက်တော့ ဂျဲနိုက သူပြန်ရောက်ပြီဆိုတဲ့အကြောင်းပြောဖို့ ဖေဖေ့အခန်းဘက်ကို ကူးလာပြီး တံခါးဖွင့်ဖို့ ပြင်နေတုန်းမှာပဲ အတွင်းဘက်ကနေ တံခါးက ဆွဲဖွင့်ခံလိုက်ရခြင်းနဲ့အတူ ဂျယ်မင်းတို့အဖွဲ့က ကောင်လေးတချို့ကို မြင်လိုက်ရသည်မို့...

tbh [Complete]Donde viven las historias. Descúbrelo ahora