20

393 35 78
                                    

"ဂျယ်မင်း... ဂျယ်မင်း ဒီမှာလာကြည့်.."

Practice လုပ်နေရင်း အစ်မတွေရဲ့ ခေါ်သံကြောင့် ဂျယ်မင်း ဘာပါလိမ့်ဆိုပြီးတောင်ဖြစ်သွားရသည်။ ထို့ကြောင့် ခဏနားတုန်းလေး အပြေးအလွှားသွားကြည့်မိတော့ ငယ်ငယ်တုန်းက ဂျဲနိုနဲ့အတူတူ ကစားကွင်းမှာရိုက်ခဲ့တဲ့ပုံကို fanbaseကနေပြီး ပြန်တင်ထားတာလေ။ ဒီလောက်နှစ်တွေကြာပြီးမှ အဲ့ဒီပုံကိုတင်လိုက်တာဆိုတော့ မဟုတ်မှ ဂျဲနို ပြန်ရောက်လာပြီလား။

ဂျယ်မင်းက ဘာမှပြန်မပြောနိုင်ဘဲ (၁၇)နှစ်အရွယ် ကိုယ့်ကိုယ်ကိုယ်ကြည့်နေမိရင်း ခြေ‌ဖျားလက်ဖျားတွေ အေးစက်လာရသည်။ အဲ့ဒီပုံတွေက ဂျယ်မင်းနဲ့ ဂျဲနိုဆီမှာပဲရှိတာလေ။ ဂျယ်မင်းမှမပို့ရင် ပို့တဲ့သူက ဂျဲနိုပဲပေါ့။

"ဟို.. ကျွန်တော်..."

ဂျယ်မင်းက စကားကိုတောင် ဆုံးအောင်ဆက်မပြောနိုင်ဘဲ practice room ထဲကနေပြီး ပြေးထွက်လာမိတော့တာ။ ခွေးလိုကောင်! အဲ့ဒီကောင်ကို တစ်ချက်လောက်မှ မထိုးရရင် မဖြစ်ဘူးလို့တွေးမိလို့လေ။ ဒါကြောင့် entertainment ရှေ့ကနေ Taxi တစ်စီးငှားပြီး ဘယ်လောက်ပဲ မေ့ပစ်ချင်လည်း မေ့မရခဲ့တဲ့ လိပ်စာတစ်ခုကိုရွတ်ပြပြီး မောင်းစေလိုက်မိ၏။

သွားနေတဲ့ လမ်းတစ်လျှောက်မှာ ဂျယ်မင်းက လက်သည်းကို ကိုက်နေမိတာ။ ဘယ်တုန်းကပြန်ရောက်လာတာလဲ။ ရောက်ပြီဆိုတဲ့အကြောင်း သူ့ကိုဘာလို့မပြောရတာလဲ။ စစ်မှုထမ်းဖို့ ခဏပြန်လာတာလား။ ဒါမှမဟုတ် အပြီးပြန်လာတာလား။ ဘာမှသေချာမသိရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုလာလို့ ဂျယ်မင်းက လက်သည်းကိုဖိကိုက်ပစ်တော့ သွေးတောင်ထွက်သွားရတော့တာ။

"ရောက်ပါပြီ.."

ဂျယ်မင်းက ကားပေါ်ကနေမဆင်းဘဲ အိမ်ဘက်ကိုလှမ်းကြည့်လိုက်၏။ တစ်လျှောက်လုံး ဒီအိမ်ရှေ့ကို ရောက်ဖြစ်နေခဲ့တာဆိုပေမဲ့ အရင် ဂျဲနိုမရှိတုန်းက စိမ်းသက်နေတဲ့ ခံစားချက်တွေက ဒီနေ့တော့ ထူးထူးဆန်းဆန်းနဲ့ တအုံ့နွေးနွေးဖြစ်နေရသည်။

အခါတိုင်း ပိတ်ထားတတ်တဲ့ ပြတင်းပေါက်တွေက ဒီနေ့တော့ ဖွင့်ထားပြီး လိုက်ကာစအဝါတွေကလည်း လေတိုက်တိုင်း တလူးလူးတလွင့်လွင့်..။ ဂျယ်မင်းက ကြည့်ရင်းနဲ့ ဝမ်းနည်းလာရတော့တာ။ ရုတ်တရက်ကြီး မမျှော်လင့်ဘဲ ထွက်သွားပြီး ဒီလိုမျိုး မမျှော်လင့်ဘဲပြန်ရောက်လာတော့ သူက ဘယ်လိုမျိုး စိတ်ငြိမ်အောင်ထိန်းရမလဲဆိုတာ တကယ်မသိတော့အောင်ပါပဲ။

tbh [Complete]Where stories live. Discover now