01

663 37 18
                                    

"ဂျဲနို....ဂျဲနို!!!!"

အိမ်က လိုက်ပို့တဲ့ ကားပေါ်ကနေ ဆင်းဆင်းချင်း သူရှိရာကို တလှိမ့်လှိမ့်နဲ့ ပြေးလာနေတဲ့ ဟယ်ချန်းကို ဂျဲနို ရပ်စောင့်နေလိုက်ရသည်။ သူတို့တွေက အခုမှ အလယ်တန်းကျောင်းသားတွေပဲရှိသေးလို့ ရည်းစားထားဖို့၊ စာလုပ်ဖို့ထက် အချိန်ရှိတိုင်း ကစားဖို့ပဲ အားသန်ကြတဲ့ အရွယ်ဆိုရင်လည်း မမှား။

ဂျဲနိုနဲ့ ဟယ်ချန်းက ရှေ့ခုံနောက်ခုံထိုင်ရတာဖြစ်ပြီး အားတိုင်း စကားလှည့်များတတ်တဲ့ ဟယ်ချန်းကြောင့်သာ ဂျဲနိုက ကျောင်းတက်ရက်တွေမှာ မပျင်းရတာ။ တစ်ခါတစ်လေ ရှေ့ခုံကနေ ငိုက်နေတဲ့ ဟယ်ချန်းကိုကြည့်ပြီး နောက်ကနေ ခိုးရယ်ရတဲ့အခါမျိုးတွေလည်း ရှိခဲ့သေးသည်။

"ဂျဲ...ဂျဲနို...မောလိုက်တာ...အဟွတ်! ဟွတ်!!!"

ဟယ်ချန်းက ဂျဲနိုအနားကိုရောက်တာနဲ့ ဒူးနှစ်ဖက်ပေါ် လက်တင်ပြီး ကုန်းကုန်းကွကွနဲ့ အမောဖြေနေတော့တာမို့ ဂျဲနိုမှာ ဟယ်ချန်းရဲ့ ကျောပိုးအိတ်ကို အသာမပေးထားလိုက်ရသည်။ ဟယ်ချန်းက မိနစ်ပိုင်းလောက် အမောဖြေပြီးတော့ မတ်မတ်ပြန်ရပ်ပြီး..

"မင်း သိပြီးပြီလား"

ဒရိုင်ဘာဦးလေးကြီးရဲ့လက်ထဲက ကျောပိုးအိတ်နဲ့ ‌ထမင်းဘူးကို ယူလိုက်ရင်း ဂျဲနို ခေါင်းခါလိုက်တော့ ဟယ်ချန်းက ပြူးပြူးပျာပျာနဲ့ ပြန်ကြည့်လာသည်။ ဂျဲနိုက အတန်းထဲမှာလည်း ဟယ်ချန်းနဲ့ကလွဲရင် ဘယ်သူနဲ့မှ  စကားပြောတဲ့ကောင်လေးမဟုတ်လို့ သတင်းတစ်ခုခုဆို ကိုယ်တိုင်သိရတာထက် ဟယ်ချန်းပြောလို့သိရတာက ခပ်များများရယ်။

ဟယ်ချန်းကတော့ အားလိုက်တာနဲ့ အတန်းချိန်ဆို အတန်းထဲပတ်၊ အားလပ်ချိန်ဆို ကျောင်းထဲပတ်နဲ့၊ တစ်ခါတစ်လေ စီနီယာအတန်းတွေထိသွားပြီး အောင်သွယ်တော်လုပ်တတ်သေးတဲ့ တကယ့်ငမွှေထိုးလေးပင်။

ဂျဲနိုရဲ့ပုံစံက တကယ်ကို ဘာမှမသိတဲ့ အူကြောင်ကြောင်ပုံစံဖြစ်နေတော့ ဟယ်ချန်း တမင်တကာကိုပဲ သက်ပြင်းအကျယ်ကြီးချပစ်လိုက်သည်။ နောက်ပြီး ဂျဲနိုအနားကို နည်းနည်းကပ်၊ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောင်ကြည့်လိုက်ရင်း...

tbh [Complete]Onde histórias criam vida. Descubra agora