25

398 35 25
                                    

[အဖွဲ့လိုက်လှုပ်ရှားမှုများမှ ဂျယ်မင်း ခေတ္တအနားယူ...] ဆိုတဲ့ သတင်းခေါင်းစဉ်က ဒီရက်ပိုင်းအတွက်တော့ လုံးဝ hot search ဖြစ်နေတော့သည်။

လူတွေဆီကနေ ထင်ကြေးအမျိုးမျိုးအပေးခံရနေတော့ ဂျယ်မင်းက ထုံထိုင်းလာ၏။ ဂျဲနိုက ဘာတွေလုပ်နေလဲမသိ။ ညဉ့်နက်မှ အိမ်ပြန်လာပြီး မနက်ဆို ဂျယ်မင်းမနိုးခင်ကတည်းက အပြင်ထွက်သွားတတ်တာလေ။ ဒါကြောင့် ဒီရက်တွေထဲ ဂျယ်မင်းက အိပ်ယာထဲမှာ ဝင်ခွေနေရင်း ဖုန်းတစ်လုံးနဲ့ ဘယ်သူတွေက သူ့ကို ဘာတွေပြောနေမလဲဆိုတာကိုပဲ လိုက်ကြည့်နေမိရတော့သည်။

အမည်မဖော်လိုသူ ၁ : လွန်ခဲ့တဲ့ (၇)နှစ်ကတည်းက debut မပေးဘဲနေခဲ့ရမှာ

အမည်မဖော်လိုသူ ၂ : တို့ ကြားရသလောက်တော့ အစတုန်းက သူ့ကို အဖွဲ့ဝင်အဖြစ် ရွေးထားခဲ့တာမဟုတ်ဘူးဆို

အမည်မဖော်လိုသူ ၃ : ဟုတ်တယ်လေ၊ သူတို့အဖွဲ့ debut ကတည်းက အားပေးလာတာ၊ ငါတို့မင်ယုံးက center ကနေတောင် ဖယ်ပေးလိုက်ရတာလေ၊ အရည်အချင်းဖြင့်မရှိဘဲ...၊ အခုတော့ သူ့စာရိတ္တတွေပေါ်လာပြီ

အမည်မဖော်လိုသူ ၄ : စောင့်နေမယ်နော် ဂျယ်မင်း ပြန်လာမယ်ဆိုတာ ယုံကြည်တယ်

အမည်မဖော်လိုသူ ၅ : ဂျပန်မှာတုန်းက ဆောင်းယွန်းနဲ့ ဂျယ်မင်း ရန်ဖြစ်ကြတယ်ဆိုတာ တကယ်လား၊ သတင်းသဲ့သဲ့လောက်ကြားပြီး ချဲ့ကားပြောရင်းက ဒီလိုတွေ ဖြစ်ကုန်ကြတာမဟုတ်ဘူးလား

အမည်မဖော်လိုသူ ၆ : တကယ်ရန်ဖြစ်ခဲ့ကြတာလေ၊ ငါ့ဝမ်းကွဲက ဆောင်းယွန်းရဲ့ stylist၊ သူပြောတာတော့ ဂျယ်မင်းက မနက်အစောကြီး သောင်းကျန်းပြီး ထိုးသွားတာလို့ပြောတယ်၊ ဆောင်းယွန်းက ဂျယ်မင်းနေမကောင်းလို့တောင် ဆေးတွေ ဆန်ပြုတ်တွေ ဝယ်ပို့ခဲ့သေးတာကို အဲ့လိုလုပ်တော့ သူ တောင်းပန်ရမှာပေါ့

အမည်မဖော်လိုသူ ၇ : ဂျယ်မင်းက ဘာလို့ထိုးတာလဲဆိုတာကိုရော မသိကြဘူးလား၊ အကြောင်းအရင်းမရှိဘဲတော့ ဂျယ်မင်းက ဒီလိုမလုပ်လောက်ပါဘူး

အမည်မဖော်လိုသူ ၈ : အင်းလေ၊ ဂျယ်မင်းက ဘာလို့ဒီလိုလုပ်မှာလဲ၊ အကြောင်းအရင်းတစ်ခုခုရှိလို့ဖြစ်မှာပေါ့

tbh [Complete]Where stories live. Discover now