30

827 36 53
                                    

"ဂျဲနို!!! ဂျဲနို!!!!"

"အွန်း... ဂျယ်မင်း၊ ကိုယ် ဒီမှာ.."

ဂျယ်မင်းက အိပ်ယာနိုးလာလာချင်း ဂျဲနိုကိုမတွေ့တာနဲ့ အော်ခေါ်မိတော့ ဂျဲနိုဆီက ပြန်ဖြေသံကိုကြားရ၏။ ထိုအခါ အိပ်ယာထဲကနေ လူးလဲထရင်း အခန်းအပြင်ဘက်ကို ထွက်လာခဲ့မိတော့တာ။ နောက်ပြီး မနက်စာပြင်ဆင်နေတဲ့ ဂျဲနိုအနားကိုသွား၊ ဂျဲနိုရင်ခွင်ထဲ မှီတွယ်နေလိုက်တော့ ဂျဲနိုဆီက တိုးတိုးလေးရယ်လိုက်ပြီး ဂျယ်မင်းရဲ့ ဆံပင်လေးပေါ် ဖိနမ်းလာခဲ့သည်။

"ဘာလို့ မပြောဘဲ ထသွားတာလဲ"

"မင်း အိပ်နေလို့ပေါ့"

"အိပ်နေရင်လည်း ‌နှိုးပြီးပြောပေါ့"

"မနှိုးရက်လို့ပေါ့"

ဂျယ်မင်းက ဘာမှဆက်ပြောလို့မရတော့။ အိပ်မှုန်စုံမွှားဖြစ်နေလည်း ဂျဲနိုအနားကနေ မခွာချင်သေးလို့ ဖက်ထားတဲ့အတိုင်း ဆက်နေ,နေမိ၏။ ပုံမှန်ဆို ဂျဲနိုက မနက်စာပြင်နေချိန် ဂျယ်မင်းလိုက်ရှုပ်ရင် ခဏလေးစောင့်ဖို့၊ ငြိမ်ငြိမ်လေးထိုင်နေဖို့ပြောတတ်ပေမဲ့ ဒီနေ့တော့ သူ လုပ်ရကိုင်ရခက်နေတာတောင် ဘာမှမပြောဘဲ ငြိမ်နေပေးခဲ့သည်။

"ဂျဲနို..."

"အွန်း"

"...ငါတို့ ထပ်မဝေးရတော့ဘူးမို့လား"

ဂျဲနိုက ပြန်မဖြေ။ ဂျယ်မင်းက မနက်ခင်းမှာကတည်းက စိတ်မကြည်လင်နိုင်တော့။ ဒါကြောင့် ဂျဲနိုကို ဖက်ထားရာက လွှတ်ပေးလိုက်ပြီး အိပ်ယာထဲမှာ ပြန်ဝင်ခွေနေလိုက်ရတော့သည်။ ငိုတာတော့ မငိုဖြစ်၊ မငိုနိုင်တော့တာဆိုရင် ပိုမှန်မယ်ထင်သည်။

ဂျယ်မင်းက အိပ်လို့လည်းမပျော်ဘဲ အတွေးလွန်နေရင်း အချိန်အတော်ကြာသွားတော့ သူ့မြင်ကွင်းထဲကိုရောက်လာတဲ့ ဂျဲနိုကြောင့် အတွေးစတွေက ပြတ်တောက်သွားတော့သည်။ ဂျဲနိုကတော့ သူ့ဘေးမှာဝင်ထိုင်ရင်း ပါးကို လာဖဲ့လိုက်၊ လက်ကိုဆွဲပြီး ဖိနမ်းလိုက်နဲ့ ဘာကိုမှလည်းမပြောတော့။ ဂျယ်မင်းက မငိုနိုင်တော့ဘူးလို့ ထင်နေရာက ဂျဲနိုကိုမြင်ရတော့ ချက်ချင်းပဲ ငိုချလိုက်ချင်ရသည်။

tbh [Complete]Where stories live. Discover now