"ဂျယ်မင်း... ဂျယ်မင်း!!! ဂျယ်မင်း... ကိုယ့်ကိုကြည့်"
ဂျဲနိုက စိတ်လွတ်နေသူလိုမျိုး ပစ္စည်းတွေကို အလောတကြီး သိမ်းထည့်နေတဲ့ ဂျယ်မင်းကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဆွဲလှည့်လိုက်ရင်း ပြောလိုက်မိ၏။ ထိုအခါ ရှက်ရွံ့အားငယ်နေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကိုပြန်ကြည့်လာတဲ့ဂျယ်မင်းကြောင့် ဂျဲနိုမှာလည်း နာကျင်လာရတော့တာ။
"အကုန်လုံး အဆင်ပြေသွားမှာပါ၊ နော်"
"ဂျဲနို... ငါ.. ငါ ဘယ်လိုလုပ်ရမလဲ၊ ဒါက... ဘယ်လိုဖြစ်ပြီး..."
"ဂျယ်မင်း... ကိုယ့်ကိုယုံလား၊ ဟင်? ကိုယ့်ကို ယုံလားလို့"
ဂျဲနိုကမေးလိုက်တော့ ဂျယ်မင်းက ဘာမှပြန်မဖြေ။ စဉ်းစားရခက်နေသလို မျက်လုံးလေးတွေနဲ့ ဂျဲနိုကိုပဲ ကြည့်နေတော့တာ။ video က ဂျဲနိုကားရဲ့ black box record ဖြစ်နေလို့ ဂျယ်မင်းက ဂျဲနိုကို မယုံဘူးဆိုတာ ဖြစ်သင့်ပါသည်။ ဒါပေမဲ့ ဒီလိုမျိုး မယုံကြည်တော့တာကိုသိရတော့ ဂျဲနိုက မနာကျင်ဘဲ လုံးဝကို မနေနိုင်တော့တာပါပဲ။
သို့ပေမဲ့ ဂျဲနိုကတော့ ဖြစ်သမျှကိစ္စတွေထက်၊ သူခံစားရသမျှ အရာရာထက် ဂျယ်မင်းကို စိတ်မထိခိုက်စေချင်တာ၊ စိတ်မပင်ပန်းစေချင်တာပဲရှိသည်။ ကုမ္ပဏီဘက်ကနေ အကုန်ဖျက်ချပေးထားပေမဲ့ download လုပ်ပြီးသားသူတွေက ထပ်ထပ်ပြီးတင်နေတာမို့ ရှင်းလင်းလို့မနိုင်တော့တဲ့အထိ panic ဖြစ်နေတော့တာ။
အခုချိန်သာ ဂျယ်မင်းပြန်လိုက်ရင် မီဒီယာတွေရဲ့ မေးခွန်းတွေကြားမှာ ဂျယ်မင်းက ပိုပြီးပင်ပန်းရမှာ။ သတင်းစာရှင်းလင်းပွဲလုပ်ရအောင်လည်း ဒါက လူတစ်ဦးတစ်ယောက်ကို ထိခိုက်စေတဲ့ကိစ္စတော့မဟုတ်ဘူးလေ။ ဂျယ်မင်းကြောင့် အဖွဲ့နာမည်ထိခိုက်ရတယ်ဆိုပေမဲ့ တကယ်လို့ ဂျယ်မင်းကိုသာ အဖွဲ့ထဲကနေ ထုတ်ပစ်လိုက်တယ်ဆိုရင် ကိစ္စတစ်ဝက်လောက်က ရှင်းလင်းပြီးသားဖြစ်သွားမှာ။ ဒါပေမဲ့ ဂျဲနိုက ဂျယ်မင်းကို အနားမယူစေချင်ဘူး။ အချိန်ပြည့် အခန်းထဲမှာ ခွေနေတဲ့ ဂျယ်မင်းကို သူမှမကြည့်ရက်ဘဲ။
သူ အရာအားလုံးနဲ့ ပုံအောပြီးလဲရတဲ့အထိ ဂျယ်မင်းကို ပံ့ပိုးပေးခဲ့တာက ဒီလိုဖြစ်လာဖို့တွေမှမဟုတ်ဘဲလေ။ သူက ဂျယ်မင်းကို ချစ်ရတာမို့၊ ဂျယ်မင်း ပျော်နေတာကိုပဲ မြင်ချင်တဲ့သူမို့ အခုလိုအခြေအနေမှာတောင် ဂျယ်မင်းရဲ့ရှေ့မှာ ရပ်တည်ပေးချင်နေတာ။ နောက်ပြီး ဒါက တကယ်ဆိုရင် privacy ချိုးဖောက်ခံရတာမို့ ဖြန့်တဲ့သူကိုသာသိရင် တရားစွဲလို့ရနိုင်တာမို့ ဂျဲနိုက သေချာပေါက် လိုက်ရှာဖို့ ဆုံးဖြတ်ထားလိုက်၏။
BINABASA MO ANG
tbh [Complete]
FanfictionNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........