09

304 31 10
                                    

"သခင်လေး...သခင်လေး...ကားနဲ့လိုက်ပို့ပါမယ်"

"မလိုတာမို့ ပြန်လိုက်ပါတော့!"

ဘေးနားကနေ တောက်လျှောက်ကို လိုက်လာနေတဲ့ ဦးလေးကြီးကိုမော့ကြည့်ပြီး ဂျဲနို ခပ်ပြတ်ပြတ်ပဲပြောလိုက်မိသည်။ ဂျယ်မင်းကို မေမေမလိုလားတာ၊ ဂျဲနို အဆူခံရသည့်ကိစ္စတွေက ပြန်ပြောတဲ့သူရှိလို့လေ။ ဦးလေးကြီးကလည်း အဲ့ဒီပြန်ပြောတဲ့သူတွေထဲက တစ်ယောက်ပဲမို့ ဂျဲနိုက ဦးလေးကြီးကိုလည်း အမြင်မကြည်တော့ဘူး။ သူ အဆူခံရတာပြဿနာမရှိလည်း ဂျယ်မင်းကို စိတ်မကောင်းဖြစ်အောင်လုပ်တာမို့ သူက ခွင့်မလွှတ်နိုင်ဘူးဖြစ်နေရတာ။

ဒီနေ့ သူ ကျောင်းကို ကိုယ့်ဘာသာ သွားတဲ့ကိစ္စကလည်း ခဏလောက်နေရင် မေမေ့ဆီကို ပြန်ရောက်ဦးမှာပဲဆိုတာ ဂျဲနိုသိသည်။ ဂျဲနိုက အမြဲတမ်း လိမ္မာခဲ့လို့ ထိန်းချုပ်ချင်နေကြသလားတော့မသိပေမဲ့ အခုလောလောဆယ်မှာ ဂျဲနိုကို ထိန်းချုပ်နိုင်တာ ဂျယ်မင်းပဲရှိလိမ့်မည်။ မေမေနဲ့ ပြန်ပြေလည်ဖို့တောင် ဂျယ်မင်းဆီက ဖြောင်းဖျတဲ့စကားတွေကြားရတော့မှ အဆင်ပြေလိမ့်မယ်ထင်၏။

ဂျဲနို လမ်းထိပ်ရောက်တော့ စတိုးဆိုင်မှာ ယာဉ်စီးကဒ်ဝင်လုပ်လိုက်သည်။ ဒါက ဒုတိယအကြိမ် ဘတ်စ်စီးဖူးတာမို့ နည်းနည်းတော့ ခက်ခဲနေပေမဲ့ နောက်ဆုံးတော့ ဂျဲနိုက ကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့ပါ၏။ အတန်းထဲကိုဝင်လာတော့ ဟယ်ချန်းရော ဂျယ်မင်းရော မရောက်လာကြသေး။ သူလာတာ အရမ်းစောသွားတာကြောင့်လားလို့တွေးမိပြီး နာရီကိုကြည့်တော့ ကျောင်းတက်ဖို့ (၄၅)မိနစ်လောက်တောင် လိုသေးမှန်းသိလိုက်ရသည်။

ထို့ကြောင့် ဂျဲနိုက ကျောပိုးအိတ်ကို ပြန်ကောက်လွယ်ပြီး ဂျယ်မင်းတို့အိမ်ဘက်ကို ခြေဦးလှည့်လိုက်၏။ မနေ့ညက အိပ်မပျော်ကြသေးခင် ဂျဲနိုက ဂျယ်မင်းနဲ့ iMessageကနေ အပြန်အလှန် စကားတွေပြောခဲ့ရသေးတာ။ အဲ့ဒါကြောင့်သာ စိတ်ညစ်စရာကိစ္စတွေကိုမေ့ပြီး အိပ်ပျော်နိုင်ခဲ့တာလေ။

ကစားကွင်းကိုရောက်လိုက်ပြီးတော့မှ ဂျယ်မင်းက တအားစကားများတဲ့ကောင်လေးမှန်း ဂျဲနိုသိလိုက်ရတော့တာ။ သူ ငယ်ငယ်တုန်းက အကြောင်းတွေအထိ အားလုံးပြောပြနေလို့ ဂျဲနိုက စာမပြန်ဘဲ ဖတ်နေတော့..."အီဂျဲနို! မင်း အိပ်ပျော်သွားတာလား! ငါ ဒီမှာ စကားပြောနေတဲ့ဟာကို..." ဆိုပြီး ပို့လာသေးလို့ ဂျဲနိုမှာ မအိပ်သေးကြောင်း ပြန်ဖြေရသေးတာ။

tbh [Complete]Where stories live. Discover now