14

274 25 10
                                    

"ဂျဲနို... ဒီကိုခဏလာဦး"

အိမ်ကိုပြန်ရောက်ရောက်ချင်း ဧည့်ခန်းမှာ ထိုင်နေတဲ့ မေမေက လှမ်းခေါ်တာမို့ ဂျဲနို မေမေ့ဆီကို သွားလိုက်ရ၏။ မေမေကတော့ အပြုံးအရယ်မရှိတဲ့ မျက်နှာမျိုးဖြစ်နေလို့ တစ်ခုခုကို ဒေါသထွက်နေပြီမှန်း ဂျဲနိုသိလိုက်ပြီ။ သူက ဟယ်ချန်းတို့အိမ်မှာ နှစ်ရက်တောင် အိပ်ခဲ့တာမို့ မေမေက စိတ်ဆိုးနေတာလားလို့တွေးမိသေး၏။

ဂျဲနိုဝင်ထိုင်လိုက်တော့ မေမေက ဂျဲနိုဘက်ကို တစ်ချက်လှည့်ကြည့်လာသည်။ ထို့နောက် သူ့ဘေးမှာချထားတဲ့ အိတ်ထဲကနေ အညိုရောင် စာအိတ်တစ်အိတ်ကိုထုတ်၍ ဂျဲနိုရှေ့ကို ချပေးလာ၏။ ဂျဲနိုမှာတော့ ဘာမှမပြောလာဘဲ အသံတိတ်နဲ့ စကားပြောနေတဲ့မေမေ့ကြောင့် စိုးရိမ်စပြုလာရတော့သည်။

ထို့ကြောင့် သူ့ရှေ့ကအိတ်ကို ဖွင့်ကြည့်လိုက်တော့ "ကျောင်းလျှောက်လွှာ"ဟု ခေါင်းစဉ်တပ်ထားတဲ့ ဖောင်တစ်ခုကိုတွေ့ရသည်။ ဂျဲနိုက အလျင်အမြန်ထုတ်ကြည့်လိုက်တော့ လက်တွေတောင် တုန်သွားရသည်။ မေမေ့ကိုကြည့်မိတော့ ...

"မေမေ အားလုံးဖြည့်ပြီးသား၊ သားဘက်က လက်မှတ်ထိုးရုံပဲကျန်တယ်၊ အချိန်တစ်ပတ်ပေးမယ်၊ လက်မှတ်ထိုးပြီးရင် မေမေ့အလုပ်စားပွဲပေါ်မှာ ထားခဲ့လိုက်၊ အခုတော့ နားလိုက်ဦး"

မေမေက ထိုမျှသာပြောပြီး ထထွက်သွားပေမဲ့ ဂျဲနိုမှာတော့ အာစေးမိနေသူလို ဘာစကားမှမပြောနိုင်၊ အကြောသေနေသူလို နေရာကနေလည်း မရွှေ့နိုင်။ အသက်ကိုတောင် မနည်းလုရှူနေရတော့ ဂျဲနိုရင်ထဲမှာ အောင့်မျက်စပြုလာရ‌၏။

ဂျဲနိုက လက်မှတ်ထိုးရုံကလွဲလို့ ဘာမှထပ်လုပ်ဖို့မလိုတော့တဲ့ ဖောင်ဖြည့်ပြီးသား စာရွက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မေမေ့နောက်ကို လိုက်ခဲ့မိသည်။ ဘာဖြစ်လို့ သူ့ဆန္ဒကိုမမေးဘဲ မေမေက ဒီလိုမျိုး ဆုံးဖြတ်လိုက်ရတာတဲ့လဲ! ဂျဲနိုကို အဝေးပို့ချင်ရတာကရော ဘာလို့များလဲ!

"မေမေ..."

"ဟင်? လက်မှတ်ထိုးပြီးသွားပြီလား"

"...ဟင့်အင်း"

"အခု မလုပ်ချင်သေးလည်းရပါတယ်၊ အချိန်နည်းနည်းယူလိုက်ဦးပေါ့၊ မေမေလည်း ပင်ပန်းနေလို့ နားချင်နေပြီ"

tbh [Complete]Where stories live. Discover now