26

885 37 55
                                    

ဂျဲနိုနဲ့ စကားမပြောဖြစ်တဲ့ သုံးရက်အတွင်း ဂျယ်မင်းက တကယ်ကို ဂျစ်တူးကလေးလုပ်ဖြစ်နေသည်။

ဂျဲနိုက စိုးရိမ်ပေးနေတာကိုသိလည်း ဂျယ်မင်းက ရေအေးအေးတွေနဲ့ပဲ ရေချိုးတာ၊ ခြေလက်ဆေးတာတွေလုပ်ပြီး ဂျဲနိုချက်ကျွေးတာတွေကိုလည်း မစားဘဲ သူ့ဘာသာ ခေါက်ဆွဲပြုတ်စားတာမျိုး၊ နောက်ပြီး offline game ဆော့ပြီး screen time များအောင်လုပ်တာမျိုးလိုတွေ ဆက်တိုက်လုပ်နေတော့တာ။

သူ့ကို ဂျဲနိုက တားချင်နေတာသိပေမဲ့ ဂျယ်မင်းက မသိချင်ယောင်ဆောင်ပြီး အခန်းထဲကနေ မထွက်ဘဲ ဂျဲနိုက ထမင်းစားဖို့လာခေါ်ရင်လည်း မကြားချင်ယောင်ဆောင်ပစ်ခဲ့သည်။ ဒီနေ့ဆို သူ တစ်နေကုန်လုံး ဘာဆိုဘာမှမစားရသေးတာ။ အော်တုန်းက အော်ပြီး၊ ပြီးကျမှ ဂရုစိုက်ပြနေတာမျိုးကို ဂျယ်မင်းက မကြိုက်ပါဘူး။ သူမှားနေတယ်ဆိုပေမဲ့လည်း သူကတော့ အရင်စပြီး ဂျဲနိုကို မချော့နိုင်။

"ဂျယ်မင်း... ရေချိုးလို့ရပြီ"

"...."

"ဂျယ်မင်း.. ပြောတာကြားလား၊ ရေနွေးတွေ အေးကုန်လိမ့်မယ်"

ဂျယ်မင်းက ဂျဲနိုကို ကျောပေးထားပြီး ဂိမ်းကိုပဲ ဆက်ကစားနေဖြစ်၏။ သို့ပေမဲ့ အာရုံက ဂိမ်းထဲမှာ မရှိနေတာမို့ ခဏခဏသေနေတော့ ဂျယ်မင်းက ဂိမ်းကို uninstalled လုပ်ပစ်လိုက်သည်။ တကယ်ကို ကောင်းကျိုးမပေးတဲ့ဂိမ်း!

"ဂျယ်မင်း... ထနော်၊ ရေနွေးတွေ အေးသွားလိမ့်မယ်၊ ရေချိုးပြီးတော့မှ လုပ်ချင်တာ ဆက်လုပ်ပါကွာ၊ နော်.."

"...."

"ဂျယ်မင်း... ဒီလိုကြီး မနေပါနဲ့၊ တောင်းပန်ပါတယ်၊ နော်... အော်လိုက်မိလို့ တောင်းပန်တယ်လို့"

ဂျယ်မင်းက ခေါင်းအုံးအောက်ကို ခေါင်းလျှိုဝင်ပြီး ဂျဲနိုပြောတာတွေကို နားမထောင်ချင်ပါဘူးဆိုတာကိုသိအောင် အမူအရာနဲ့ ပြောပြလိုက်မိ၏။ ထိုအခါ ဂျဲနိုဆီက သက်ပြင်းချသံ အကျယ်ကြီးတစ်ချက် ထွက်လာပြီး...

"မင်းသဘောပါပဲ၊ မပြောတော့ဘူးနော်၊ ရေနွေးတွေ မအေးခင် ရေသွားချိုးလိုက်ဦး"

tbh [Complete]Where stories live. Discover now