ကမ်းခြေကနေ ပြန်လာခဲ့ပြီးသည်တွင် ဟိဏ်းတို့အိမ်မှာပဲသံသာလိုက်နေဖြစ်ခဲ့သည်။ သံသာ့မိဘတွေက ပြောမရသည့်သံသာ့ကိုသာ ပြန်လွှတ်လိုက်တာဖြစ်ပြီး အီတလီမှာပဲကျန်ရစ်ခဲ့ကြသည်။
ရုံးချိန်းမတိုင်ခင် ဟိဏ်းနှင့်အတူကပ်တွယ်နေထိုင်နိုင်ခြင်းက တကယ်ကိုစိတ်ချမ်းသာစရာကောင်းသည်။ သူငယ်ချင်းဖြစ်သူ ငြိမ်းရှင်လူရှိနေသည်တိုင်ပဲ ထမင်းစားချိန်မှလွဲပြီး အခန်းပြင်ကိုမထွက်၊ ဟိဏ်းကိုသာတွယ်ကပ်ဖြစ်သည်။
"အေး......."
"အင်း........."
"ကျွန်တော်တို့အပြင်ထွက်ကြမလား။"
"ဟင့်အင်း။ မထွက်ချင်ဘူး...။
ဟိဏ်းနဲ့ပဲ နေချင်တာ။""ကိုကို...."
"အင်း ကိုကို......"
ဟိဏ်းစကားကို ချက်ချင်းပဲထောက်ခံခေါ်ဆိုပေးတော့ ဟိဏ်းကသဘောကျသွားသည်။ သံသာနားမလည်နိုင်သည့် အချက်အလက်တစ်ချို့ကို လှန်လှောကြည့်နေတာဖြစ်ပြီး။ ထိုသို့ဟိဏ်းနံဘေးမှာ ့ံသာကကပ်တွယ်ပြီး ဖက်တွယ်ထားသည်။
တော်တော်ကြာသည်အထိပဲ ဟိဏ်းက ထိုစာရွက်စာတမ်းတွေကြားမှာ နစ်မြှုပ်နေသည်။
ညနေဘက်လောက်မှာ တုန်ယီလာသောဖုန်းကြောင့် မျက်မှောင်ကျုံ့ဖြစ်သွားသည်။ ဟိဏ်းအနားမှာမို့ ကြည်လင်နေသည့် သံသာ့စိတ်အစဥ်သည်ဖုန်းကြောင့်ပျက်စီးသွားသည်။
"ဘယ်သူဆက်တာလဲ....."
"ဝဏ္ဏထွန်း။"
"မကိုင်နဲ့။"
ကြည့်လက်စစာရွက်တွေအားလုံးကို ပစ်ချပြီး ဟိဏ်းကထိုသို့ပြောလာသည်။
ဒါပေမယ့်လည်း ဖုန်းဆက်လာသည့် အကြောင်းအရင်းတစ်ချို့ကိုသိချင်သည်ကြောင့်။
"ခဏလေးပါ....။ ခဏလေးပဲ နားထောင်ကြည့်လိုက်မယ်လေးနော် နော်။""အေး...."
"ကိုကိုကလည်း......"
ချွဲချွဲနွဲ့နွဲ့နဲ့ ပြောပြီိးနောက်မှာ ဟိဏ်းအနှောက်အယှက်ဖြစ်မည်စိုးတာကြောင့် ဖုန်းကိုယူပြီး အခန်းအပြင်ဘက်ကို ထွက်ခဲ့သည်။ တကယ်ဆို ဟိဏ်းစကားကိုနားထောင်လိုက်ရမှာဖြစ်သည်။ တကယ်ဆို တကယ်ဆိုဒီဖုန်းကို သံသာလက်မခံခဲ့ရမှာ။