အပိုင်း (၁၄)

1.6K 72 3
                                    

သတင်းစာထဲတွင် စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်း ကြေညာစာကို ဖတ်မိပြီး အထိတ်တလန့်ဖြစ်သွားသူက ငြိမ်းရှင်လူဖြစ်သည်။
"မဖြစ်နိုင်တာ......"

ချက်ချင်းမှာပဲ သတင်းစာကို ပစ်ချရင်း ငြင်းဆန်သည်။
"ငါမနေ့ကမှ သူ့ကိုအိမ်ပြန်ပို့ခဲ့တာ။ ဒီလိုကြီး ဖြစ်သွားစရာဘာအကြောင်းမှ မရှိတာကိုကွာ......"

"ငြိမ်း..... အပြင်သွားလို့ရပြီလေ။"

ပြင်ဆင်ပြီး၍ အပြင်ထွက်လာသော လင်းမြတ်သူက အကြောင်းအရင်းကို မသိသေး။ မနက်စာကို မိသားစုအစုံအညီစားခဲ့ပြီးတွင် လင်းမြတ်သူက ပြင်ဆင်ဖို့ရာအခန်းပြန်သွားသည်။ တခြားအထွေအထူးပြင်ဆင်စရာမရှိသော ငြိမ်းရှင်လူက ဧည့်ခန်းမှာထိုင်ရင်းစောင့်နေခြင်းဖြစ်သည်။

ထိုင်နေရင်းမှ ဒီနေ့လာပို့သော သတင်းစာ၏ ပထမစာမျက်နှာတွင် မောင်ဝဏ္ဏထွန်းနှင့် မသံသာချိုအေးတို့၏ စေ့စပ်မလာပြီးမြောက်ကြောင်း အစချီထားသည့် စာပုဒ်ကြောင့် မယုံကြည်နိုင်ဟန်နှင့် ငြင်းဆန်နေသည်။

"ဘာဖြစ်ပြန်ပြီလဲ ငြိမ်းငြိမ်း.....။"

ထမင်းစားခန်းထဲမှာ ကျန်ရစ်ခဲ့သည့် ဒေါ်မုဒြာက အမွှေစိန်သား၏ အသံကြောင့် ဧည့်ခန်းဆီရောက်လာသည်။ ပစ်ချခြင်းခံရသော သတင်းစာကို ဒေါ်မုဒြာကပြန်ကောက်ယူသည်။
"မင်္ဂလာသတင်းပဲ....။ သမီးသံသာလေးတောင် စေ့စပ်ပြီးသွားပြီ။ ခရမ်းဘက်မှာရှိတဲ့ စိုက်ခြံကို လက်ဖွဲ့ပေးမယ်။ အဲ့ဒီခြံကို အစထဲကနေ သံသာလေးအတွက်ရည်ရွယ်ထားတာ။"

သတင်းစာဆီကနေ အကြည့်မခွာသော ဒေါ်မုဒြာသည် ရုံးသွားဖို့ရာအတွက် ပြင်ဆင်ပြီးထွက်လာသော ဟိဏ်းဇမ္ဘူ၏မျက်နှာကို မမြင်။ တည်တင်းသွားပုံက ဒီဘဲမာအကြောတင်းလွန်း အားကြီးသည်။

နဂိုတည်တဲ့မျက်နှာမို့ စိတ်တိုပြီဆိုလျှင် နီရဲလာတတ်သည့်နားရွက်တွေက အနားမှာရှိတဲ့လူတွေကို မြင်ရုံနဲ့ ရှိန်စေသည်။

"ဒီနေ့ ရုံးထဲမှာ ရာသီဥတုအခြေအနေမကောင်းဘူးပဲ။"

ရုံးခန်းရှိရာ တတိယအထပ်သို့တက်လာသော အလုပ်သင် စံပယ်ဖြူဦးသည် ဟိဏ်းဇမ္ဘူနဲ့အတူ ဓာတ်လှေကားစီးခဲ့တာဖြစ်သည်။ ဘေးတိုက်အနေအထားကနေကြည့်လျှင် အထက်လူကြီးက ဒီနေ့မှာ စိတ်တိုနေမှန်းသိသာသည်။

တိမ်တွေသာတဲ့ နေ့ (Completed)Donde viven las historias. Descúbrelo ahora