အပိုင်း (၅၁)__Rebirth:16

1.9K 104 13
                                    

"ငြိမ်းငြိမ်း........"

"ဘာလဲ။ ဘာဖြစ်ပြန်ပြီလဲ။"

"အမလေးဟယ်။ ဘာမှမဖြစ်ပါဘူး။
ဒီတိုင်းလေး ခေါ်လိုက်တာပါနော်။"
လက်ထဲမှာရှိနေသည့် စာအုပ်နဲ့ ငြိမ်းငြိမ်း၏ကျောကို ရိုက်လိုက်သည်။ လူပုံစံကိုက အချိုးပြေမနေဘူး ဒီငြိမ်းငြိမ်း။

"ဟဲ့ အဲ့တာဘယ်လဲ။ ခဏနေ ကလေးတွေနဲ့ အစည်းအဝေးရှိသေးတယ်လေ။"

လိုအပ်မှ မေးမြန်းလာတဲ့ ငြိမ်းငြိမ်းကို နှုတ်ခမ်းစုံလုံးမဲ့ပြီး သံသာပြန်လှည့်ကြည့်လိုက်သည်။ အတန်းချိန်ပြီးပြီမို့ ခက်ခက်တို့လေးယောက်နဲ့ meetingထိုင်မှာဖြစ်သည်။ အလုပ်လုပ်ရမှာကို သိပမယ့်လည်း အလုပ်လုပ်ချင်စိတ်ကရှိမနေ။ ထို့ကြောင့်ပဲ ငြိမ်းငြိမ်းကို ထားရစ်ခဲ့ပြီးထွက်လာခဲ့လိုက်သည်။

ကိုကိုကတော့ ဒီနေ့မှာ ရှေ့နေရုံးဆီသွားမည်ဟု စာပို့ထားသည်။Smartဖုန်းတချို့ပေါ်လာသည်မို့ စာပို့သည့် နည်းက လောလောဆယ်ကာလမှာ အသုံးများသည်။ တစ်ခုခုကိစ္စရှိလျှင် ကိုကိုလည်းစာအမြဲပို့ပေးတတ်သည်။ ထို့ကြောင့် ကိုကိုမရှိပဲ အတန်းချိန်လည်းမရှိတော့ပဲ ဒီကျောင်းမှာ သံသာဆက်မနေချင်။

အရင်ဘဝကကျေးဇူးအားဖြင့် ဒီဘဝမှာ ၁၈နှစ်ပြည့်ပြီးထဲကနေ ကားမောင်းလိုင်စင်ရခဲ့သည်။ အနည်းငယ်တွင်ကျယ်လာပြီဖြစ်တဲ့ ဖေ‌ဖေ့စီးပွားရေးကြောင့် သံသာအတွက်လည်း ကားတစ်စီးပေးထားသည်အထိ ဖေဖေက မြှောက်စားထားသည်။ ဒီလို ကိုယ်ပိုင်ကားလေးဖြင့် ဆောက်လက်စဖြစ်သော သံသာတို့ရုံးချုပ်ရှိရာနေရာသို့ လာလိုက်သည်။

မနီးမဝေးက ရှေ့နေရုံးနေရာဝန်းမှာ ကိုကိုရှိနေမည်ဆိုသော အသိက စိတ်ညည်းညူမှုတွေအားလုံးကို လွင့်ပြယ်စေတာတော့အမှန်။

"မမလေး......."

"အင်း ဦးတိုး။သံသာပြောထားတဲ့အခန်းကို တစ်ချက်လာကြည့်တာ။"

နောက်ပိုင်းမှာခေတ်စားလာမည့် အထပ်မြင့်အိမ်ရာပုံစံမျိုးဖြင့် သံသာတို့ရုံးချုပ်ကို တည်ဆောက်ရာမှာ အထပ်၁၂ထပ်ဖြင့် ဒီဇိုင်းဆွဲဆောက်လုပ်နေသည်။ အရမ်းမတိုးတက်သေးတဲ့ အချိန်ဖြစ်တာကြောင့် ဆောက်လုပ်ရေးကာလက တစ်နှစ်နီးပါးကြာမြင့်သည့်တိုင် တချို့နေရာတွေမှာ လက်စမသတ်ရသေးတဲ့အပိုင်းတွေရှိနေသေးသည်။

တိမ်တွေသာတဲ့ နေ့ (Completed)Onde histórias criam vida. Descubra agora