အပိုင်း (၆)

2.1K 96 5
                                    

"ဒီနိုင်ငံမှာက လိင်တူလက်ထပ်ခွင့်မရှိတာကို ဒီကလက်ထောက်တရားသူကြီးက လင်း,ထက်ပိုသိမှာပါ။"

ပျော့ပျောင်းရှည်သွယ်သည့် လက်ချောင်းလေးများဖြင့် ဟိဏ်းဇမ္ဘူထံသို့ညွှန်ပြပြီး ပြောပုံကနူးညံ့သည့် အတိုင်းအတာကနေ လွတ်ထွက်မသွားသေး။ ယောကျာ်းဆန်စွာ သြရှသသည့်အသံမျိုးမဟုတ်၊ ခပ်စူးစူးနဲ့ မိန်းမငယ်လေးလိုတမင်လိုက် တုပပြီး ပြောနေပုံလည်း မဟုတ်။

လင်းမြတ်သူ၏ ပင်ကိုယ်အသံအနေအထားကပင် နူးညံ့နေတော့ အားလုံးကမသိမသာနဲ့ ပို၍အကဲခတ်သွားကြသည်။ သြဘာထွန်းသည် ငြိမ်းရှင်လူ၏ သဘောကျသည့် စိတ်ကို အလုံစုံစိုးမိုးထားနိုင်သည့် လင်းမြတ်သူအား ဖြည်းဖြည်းချင်းနဲ့အသိအမှတ်ပြုနေသည်။

ယောကျာ်းလေးအဖြစ်မွေးဖွား လာရုံမျှသာ။ ခေါင်းအစ၊ခြေအဆုံး ခန္ဓာကိုယ်အတွင်းပိုင်းရှိ အသံအိုးအထိပါ နူးညံ့နေသည်မှာ သာမန်မိန်းကလေးများထက်တောင်ပို၍ ကြင်နာတတ်ပုံရသည်။

"တစ်ကမ္ဘာလုံးမှာ လိင်တူလက်ထပ်တာကို သဘောမတူတဲ့နိုင်ငံထက် သဘောတူတဲ့နိုင်ငံက ပိုများလာတာကိုတော့ ဒီနှစ်ပိုင်း စစ်တမ်းတွေအရ ကျွန်တော်သိထားပါတယ်။ အခု ကျွန်တော်တို့ ရောက်လာခဲ့တာကလည်း ဒီဘက်က ကိုလင်းမြတ်သူရဲ့သဘောကို ကျွန်တော်တို့ကိုငယ်အနေနဲ့ ရှင်းရှင်းလင်းလင်း သိအောင်လို့ပါ။ ဒါမှပဲ လက်လျော့တာနဲ့ရှေ့တိုးတာကို ကိုငယ်ကရွေးချယ်လို့ရမှာပါ။ဒီနေရာမှာ အားမနာပဲ ကိုလင်းမြတ်သူရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်........"

အစောကအထိ ငြိမ်သက်နေခဲ့သော ဟိဏ်းဇမ္ဘူသည် မြို့၏အတော်ဆုံး လက်ထောက်တရားသူကြီးအဖြစ် ခရိုင်အမှုစစ်ရုံးမှာ နာမည်ကြီးသူပီပီိ စကားကိုလိုချင်သည့်ပုံစံအတိုင်းရောက်အောင် ချော့မွေ့စွာပြောဆိုသွားသည်။ ရောက်လာရခြင်း၏ အကြောင်းပြချက်ကိုလည်း ရှင်းပြပြီးသားဖြစ်သွားသည်။

နှစ်ဖက်လုံးက ယောကျာ်းလေးတွေကြည်မို့ ဒီတွေ့ဆုံပွဲက သမီးတောင်းရသည့်မင်္ဂလာအခါလိုမျိုး ဇာချဲ့၍မရပေ။ သူ့ဘက် ကိုယ့်ဘက်မှာရှိကြသည့်ဆန္ဒတွေကို မေးမြန်းရုံမျှသာ တွေ့ဆုံကြခြင်းဖြစ်၏။

တိမ်တွေသာတဲ့ နေ့ (Completed)Donde viven las historias. Descúbrelo ahora