ဇာတ်သိမ်းပိုင်း { UNICODE }

808 18 5
                                    

"ခင်ဗျားတို့ မလိုက်ခဲ့လည်း ရပါတယ်ဆိုဗျာ။"

Express ကားပေါ် မတက်ခင် ကောင်လေးတစ်ယောက်၏ အသံက ညအမှောင်ထဲ မတိုးမကျယ် ပျံ့လွင့်လာသည်။

"မင့်က မသွားတတ် မလာတတ်နဲ့ ဒီတိုင်း တစ်ယောက်တည်း လွှတ်လိုက်လို့ ဖြစ်မလား အကောင်ပေါက်ရ။ စကားမရှည်နဲ့။ ငါတို့ လိုက်ပို့မယ်။"

"ကျွန်တော် ကလေးမှ မဟုတ်တာ။ ဒီလောက်ကတော့ သွားတတ်ပါတယ်ဗျ။ ပြန်တော့ ခင်ဗျားတို့ ..ပြောတော့ ကိုကို့မင်္ဂလာပွဲမှာ သတို့သားအရံလုပ်ရမှာဆို။ မနက်ဖြန်ကျ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမှာ မဟုတ်ဘူးလား။"

"ဘာမှ ပြင်ဆင်ဖို့ မလိုဘူး ..ရတယ်။"

"ခင်ဗျား ရလည်း မလိုက်ခဲ့စမ်းပါနဲ့ဆိုဗျာ။ မလိုပါဘူးဆိုနေ။"

"မလိုလည်း လက်မှတ်က ဝယ်ပြီးနေပြီ နွယ်နိုင်း။ လက်မှတ်ဖိုးတန်အောင် လိုက်ခဲ့မယ်။ ဘာတွေစိတ်ပူနေတာလဲ။ ငါတို့ မင်းကို ဟိုတယ် ပို့ပေးပြီးတာနဲ့ ပြန်မှာပါကွ။ လာ တက်မယ် ..ကားက ခဏနေ ထွက်တော့မှာ။"

ခါးခါးသီးသီး ငြင်းဆန်နေသော နွယ်နိုင်းကို ဦးမာန်ကပါ "လိုက်ခဲ့မယ်" ပြောပြီး ကားပေါ် ဦးဆုံးတက်သွားသည်။ နွယ်နိုင်းစကားလည်း နားမထောင်ကြဘူး ... အကုန်သူတို့သဘောချည်းပဲ။ တကယ် ကိုယ့်ဘာသာ သွားလည်း ဖြစ်ပါတယ်ဆိုမှ လိုက်ပို့မယ် တကဲကဲ လုပ်နေကြသည်။ သူတို့ လိုက်ပို့တာက အရေးမဟုတ်ဘူး။ တော်ကြာနေ မနက်ဖြန် ပုဂံကနေ ရန်ကုန်ပြန်လာတဲ့အခါ မင်္ဂလာပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန်မလောက်လျှင် ဘယ်နှယ့်လုပ်မလဲ။

နွယ်နိုင်း တစ်သက်နှင့်တစ်ကိုယ် မင်္ဂလာ‌ပွဲနှင့် တစ်ကြိမ်တစ်ခါမှ မကြုံဖူးလို့ မင်္ဂလာပွဲ မတိုင်ခင် ရက်တွေမှာ ပြင်ဆင်စရာတွေ ရှိလား မပြောတတ်ပေမဲ့ ပွဲတစ်ပွဲ စီစဥ်တယ်ဆိုကတည်းက ပွဲနေ့မ‌ရောက်ခင်တော့ လိုအပ်တာတွေ ပြင်ဆင်ရမှာပဲ မဟုတ်လား။ သည်လိုသာဆိုလျှင် သတို့သားအရံများလည်း ‌တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ရမည် ထင်တာပဲ။ ယခု ဦးမိုးထက်ပိုင် ၊ ဦးမာန်နှင့် ကိုရှိုင်းတို့က ကိုကို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သည့်အလျောက် သတို့သားအရံလုပ်ပေးကြရမယ် ပြောပြီး နွယ်နိုင်းနှင့်အတူ လိုက်ခဲ့မယ်ဆိုတော့ ဘယ်လို အဆင်ပြေမှာလဲ။ သူတို့အားလုံး ကိုကို့မင်္ဂလာဆောင်အတွက် ပြင်ဆင်စရာ ရှိတာတွေ အသင့်ပြင်ထားမှ ပွဲနေ့ကျ အစစ အရာရာ အဆင်ပြေ‌ချောမွေ့နိုင်မှာပေါ့။ ဒါမှလည်း ကိုကို ပျော်ရွင်ရမှာလေ။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now