ကျေးဇူးတင်လွှာ { U + Z }

134 6 5
                                    

{ UNICODE }

"ကြယ်ကြွေကောင်းကင်" ကို "လမင်းခြေသံ" လောက် အပိုင်းမများရင်တောင်မှ အပိုင်း ၂၀ ကျော်လောက်ထိတော့ ရေးနိုင်မယ်လို့ ထင်ထားခဲ့ပေမဲ့ တကယ်တမ်း ၁၉ ပိုင်းထိပဲ ရေးနိုင်ခဲ့တဲ့အတွက် လင်း တကယ် များကြီး အားနာရသလို ကိုယ့်ကိုကိုယ်လည်း အားမလို အားမရဖြစ်မိတာ အမှန်ပါ။ ဒီဇာတ်လမ်းလေး ရေးနေတဲ့ ၃ လကျော်အတွင်း စာမေးပွဲတွေ တစ်ခုပြီး တစ်ခု ဖြေနေရတာနဲ့ စိတ်နှစ်ပြီး သေချာ မရေးနိုင်ခဲ့လို့လည်း စာဖတ်သူ‌လေးတွေကို တောင်းပန်ချင်ပါတယ်ရှင့် ... ‌နွယ်နိုင်းတို့ကို အချိန်ရရင် ရသလိုတော့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားရေးထားပေမဲ့ "လမင်းခြေသံ" နဲ့ ယှဥ်ရင် လက်ရည်ကျနေလို့ တာဝန်မကျေသလိုလည်း ခံစားရပါတယ် 🙇‍♀️

နောက်အပုဒ်တွေကျရင်တော့ အချိန်တစ်ခုပေးပြီး သေချာလေး အားထုတ်ရေးနိုင်ဖို့ လင်း ကြိုးစားပါ့မယ်ရှင့်။ လင်းရဲ့ မသေမသပ်တဲ့ လက်ရာလေးကို အချိန်ပေး ဖတ်ရှုပေးကြတဲ့ ၊ သဘောကျပေးကြတဲ့ သဲငယ်လေး တစ်ယောက်ချင်းစီ ၊ တစ်ယောက်ချင်းစီတိုင်းကို လင်းက တကယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 💟 ဒါ့အပြင် ဒီကြားထဲ စာမေးပွဲတွေကြောင့် တစ်လလောက် ပျောက်သွားတာ‌တောင်မှ စောင့်ပြီး ဖတ်ပေးကြတဲ့ သဲငယ်လေးတွေကြောင့် များကြီးလည်း ခွန်အားဖြစ်ခဲ့ရပါတယ် 💛

အားလုံးကို ေကျးဇူးအထူးတင်ရှိလျက် ...
#လင်းမြတ်မိုရ်

{ ZAWGYI }



အားလုံးကို ကျေးဇူးအထူးတင်ရှိလျက် ...
#လင်းမြတ်မိုရ်

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now