အပိုင်း - ၄ ( Keats )
ချန်ဝမ် မစားနိုင်ပါ။ အိတ်ကပ်ထဲကဖုန်း တုန်ယင်လာသော်ငြား ဥပေက္ခာသာ ပြုထားလိုက်ကာ နာရီကို ငုံ့ကြည့်လိုက်သည်။ ထိုအခါ တရားဝင်ဇနီးကြီး ချောင်ကျီးက ဝေဖန်ပြောဆိုလာ၏။
"ဟင်းတွေကို ခံတွင်းမတွေ့လို့လားကွယ်။ ဘာကြောင့်များ အားဝမ် ဒီလောက်ထိ ပိန်ကျသွားတာလဲ"
အားလုံး၏အကြည့်များက သူ့ဆီ ကျရောက်လာကြသည်။ ချန်ဝမ်က လက်ကို ပုဝါဖြင့် သုတ်လိုက်ရင်း ပြောလာ၏။
"မဟုတ်ပါဘူးခင်ဗျာ။ ဒါလေးက ပူတော့ အများကြီး မသောက်နိုင်ရုံပါ"
ချောင်ကျီး၏တူ ချောင်ကျိက ရည်ရွယ်သလိုလို မရည်ရွယ်သလိုလိုနှင့် နောက်ပြောင်သရော်လာ၏။
"အားဝမ်က အခမ်းနားဆုံးဧည့်ခံပွဲေတွထဲ စားရေသာက်ရတာ နေသားကျနေပြီမို့ ဒီလိုဟင်းလျာလေးေလာက်ကို မှုမနေတော့တာ ဖြစ်မယ်။ အရင်ရက်က ကျွန်တော့်သူငယ်ချင်းတောင် ပြောနေသေးတယ်။ တမြန်နေ့က အားဝမ်ကို မြို့ရဲ့ထိပ်သီးအသိုင်းအဝိုင်းထဲ တွေ့လိုက်တယ်တဲ့။ သန့်ပြန့်ချောမောနေတာပဲဆိုပြီး "
အားလုံးမှာ မသိမသာတော့ မျက်နှာအချိုးပြောင်းသွားကြ၏။ ထိုအသိုင်းအဝိုင်းထဲ တမြန်နေ့က ကျင်းပကြသော ပွဲဆိုလျှင်ကျောက်ရှန်းကောအား ကြိုဆိုခြင်းအခမ်းအနားသာ ရှိမည်။ ထိုပင်လယ်ကမ်းစပ်နားက မျှော်စင်ဆန်ဆန် စားသောက်ဆိုင်တွင် နှစ်ရက်တိတိပင် booking ချိတ်ထားကြသော အခမ်းအနား။
ချန်ဘင်ရှင့်က ချန်ဝမ်အား မေးလာ၏။
"မင်း အဲ့ကို ဘာသွားလုပ်တာလဲ"
ချန်ဝမ်က လက်ကို အေးဆေးတည်ငြိမ်စွာသာ ဆက်သုတ်ကာ အတည်ေပါက်ကြီးနှင့်ပင် မုသားဆိုလိုက်၏။
"ကျောကျစ်ရွှမ်းအတွက် ကားပါကင်သွားထိုးပေးတာပါ"
ချန်ဘင်ရှင့်၏ သံသယအကြည့်များ သူ့အပေါ် ကျရောက်လာ၏။ ချန်ဝမ်လည်း သူ့ဘက်လှည့်ကာ ဣန္ဒြေမပျက် စေ့စေ့ပြန်ကြည့်လိုက်၏သည်။
ချန်ဘင်ရှင့်လည်း မတတ်သာစွာနှင့် ယုံေပးလိုက်ရပေ၏။ ငယ်စဉ်တုန်းက ချန်ဝမ်မှာ ဂုဏ်သရေရှိမိသားစုမှ အတန်းဖော်တစ်ယောက်အား ရေနစ်ခါနီးဆဲဆဲမှ ကယ်တင်ပေးခဲ့ဖူးကြောင်း အိမ်သားတိုင်း သိကြပါ၏။