အပိုင်း - ၂၃ ( ငါ့မှာ တခြားသူငယ်ချင်း မရှိဘူး )

5.2K 865 72
                                    

အပိုင်း - ၂၃ ( ငါ့မှာ တခြားသူငယ်ချင်း မရှိဘူး )

ကျောက်ရှန်း‌ေကာမှာ ကိုယ့်ဒုက္ခကိုယ်ရှာမည့် လူစားထဲတွင် မပါပါ။ ထပ်ပြီး ဝင်မရှုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးလျှင် သူ တကယ် ထပ်ပြီး ဝင်မရှုပ်ပါချေ။

ရံဖန်ရံခါ ထန်ယို့မင်နှင့် ကျောကျစ်ရွှမ်းဘက်က စကားဝိုင်းထဲ ချန်ဝမ်အကြောင်း ထည့်ပြောလာခြင်းကိုမူ သူ မရှောင်တိမ်းနိုင်ခဲ့။ သို့သော် လုံးဝ သွားမထိဘဲ စကားဝိုင်းကိုသာ အာရုံစိုက်ဖြစ်သည်။

ကျောက်ရှန်းကောမှာ ထပ်တူညီသော အမှားအား သုံးကြိမ်တိတိ ဆက်တိုက်ကျူးလွန်တတ်သူ မဟုတ်ပါ။

သုံးကြိမ်မြောက်ဟူသည် မရှိ။ ထို့အပြင် စီးပွားရေးသမားအတွက် အရေးအကြီးဆုံး အရည်အချင်းမှာ အဆုံးအရှုံးမရှိအောင် အချိန်မီ ဖြတ်တောက်ရှင်းလင်းနိုင်ခြင်း။

ကံကောင်းစွာဖြင့်ပင် ၊ ရှီကျန်းမင်က ကတိစကားအတိုင်း ချန်ဝမ်အတွက် လမ်းခင်းပေးခဲ့သည်။ ချန်ဝမ်မှာ တော်သောထက်သော အရည်အချင်းရှိရာ လျင်မြန်သွက်လက်စွာ လုပ်ဆောင်ခဲ့၏။

ရှီကျန်းမင် မလိမ်ခဲ့ပါ။ ထိုရေမှာ အတော်ကြီး အတော်ကြီးကိုပင် နက်ရှိုင်းလှသည်။ နက်ရှိုင်းလွန်းသဖြင့် ချန်ဝမ် ကြောက်ရွံ့မိသွားသည့် အခိုက်အတန့်မျိုးပင် ရှိကာ မည်သည့်နေရာမှ စတင်ရ‌ေကာင်းမှန်းပင် မသိ‌ခဲ့ပါ။

လပေါင်းများစွာကြာအောင် ချန်ဝမ်ကို ကျောကျစ်ရွှမ်း ရှာမတွေ့ခဲ့။ သူ့မက်ဆေ့ဂ်ျများကိုပင် ချန်ဝမ်က ကြာကြာနေမှတစ်ခါ စာပြန်လာ၏။ ကျောကျစ်ရွှမ်းမှာ သူ့အား အတော်စိတ်ပူနေသဖြင့် ဖုန်းဆက်ပြီး လှမ်းမေးလိုက်သည်။

"ဘာလဲ၊ မင်းက အခု ကျောက်ရှန်းကောထက်တောင် မလုပ်များနေတာလား။ မင်း အရင်အပတ်ကလည်း ဆေးခန်းရက်ချိန်းအတိုင်း မသွားဘူးလို့ မော်နီကာ ပြောနေတယ်။ မဟုတ်သေးပါဘူး၊ ချန်ဝမ်။ ငါ မင်းဆီ လာကြိုမယ်။ အဲ့အချိန်ထိ စောင့်နေ၊ ကြားသလား "

အမှန်တကယ်တော့ ဆရာဝန်များက လူနာဖြစ်သူ၏ အခြေအနေအား တတိယလူဆီ မပြောပြသင့်ပါ။ သို့သော် ချန်ဝမ်၏အဖြစ်မှာမူ တစ်မူထူးခြားကာ ကျောကျစ်ရွှမ်းကလည်း သူမ၏လူနာအား တကယ်အလေးထားပြီး ဂရုစိုက်၏။ ချန်ဝမ်အား တစ်ခုခု နှစ်သိမ့်ဖြောင်းဖျပေးနိုင်မည်ဟု သူမ ယုံကြည်၏။ ထို့ကြောင့် ချန်ဝမ်၏ အတွင်းရေးကိစ္စများအား မပါစေဘဲ အချို့သောကိစ္စများကို သူမ ကျောကျစ်ရွှမ်းဆီ ရံဖန်ရံခါ လှမ်းပြောပြတတ်သည်။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] Where stories live. Discover now