အပိုင်း - ၃၄ ( လူကြီးမင်းချန် ဘယ်တစ်‌ေယာက်လဲ )

5.4K 950 259
                                    

အပိုင်း - ၃၄ ( လူကြီးမင်းချန် ဘယ်တစ်‌ေယာက်လဲ )

ချန်ဝမ်က အကြံပြုပေးသည့် ဒုလက်ထောက်ကို ဖုန်းထဲမှ ကျေးဇူးလှမ်းတင်လိုက်သည်။ သို့သော် သူ တကယ်ဆက်ကြည့်ဖို့ မရည်ရွယ်ပါ။

ဤသည်မှာ အရေးပေါ်ကိစ္စဖြစ်ခါမှ ဆက်သွယ်သွားဖို့ သူ့အား ကျောက်ရှန်းကော ချန်ပေးထားသော ဖုန်းနံပါတ်ဖြစ်၏။ ပုံမှန်မဟုတ်သော အ‌ေခြအနေမျိုး ပေါ်လာခါမှ အကြောင်းကြားဖို့ ဖြစ်ကာ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် မဟုတ်ပါချေ။

ထိုကိန်းဂဏန်းများမှာ ချန်ဝမ်၏ ခံစားချက်များအား ကစားနိုင်လွန်းသည့် ကုဒ်နံပါတ် သို့မဟုတ် မန္တာန်ဂါထာများပမာ ။ သူ့နှုတ်ဖျားထက် အကြိမ်ကြိမ်ရေရွတ်မိသည့်တိုင်၊ သူ့နှလုံးသားထဲ အကြိမ်ထောင်ချီမက ပြန်ကျော့နေမိသည့်တိုင် ၊ ၎င်းကို သုံးပြီး ဖုန်းတကယ်ခေါ်ရမည်ဟု မထင်ထားစဖူး။

ထို့အပြင် ဖုန်းမှတစ်ဆင့် ‌တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်နိုင်ခြင်း။ ချန်ဝမ်နှင့် ကျောက်ရှန်းကောမှာ ထန်ယို့မင် ဖွဲ့စည်းထားသည့် အဖွဲ့ထဲ ပါဝင်‌ေနကြသည် မှန်သော်ငြား သူနှင့် ကျောက်ရှန်းကောကမူ သူငယ်ချင်းများ မဟုတ်ကြပါ။

ချန်ဝမ်မှာ တစ်ဖက်လူ၏ account ထဲ ည‌ေပါင်းများစွာ ဝင်ဝင်ကြည့်‌ေနသည့်တိုင် ထိုသူအား friendအဖြစ် add ဖို့ တစ်ခါမှ စိတ်မကူးဖူး။

ဆေးရုံဆင်းပါတီမှာ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်၏။ သို့သော် သောကြာ‌ေန့အထိ ကျောက်ရှန်းကော၏ ဒုတိယလက်ထောက်ထံမှ အကြောင်းပြန်ချက် ရမလာသေး။ အစပထမ၌ ချန်ဝမ်မှာ နေ့တိုင်းနေ့တိုင်း အီးမေးလ်ရော ‌မက်ဆေ့ဂ်ျပါ မျှော်လင့်တကြီး ဝင်စစ်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ စိတ်ပျက်အားလျော့သွားကာ ကျောက်ရှန်းကော မလာလောက်တော့ပါဟု ကောက်ချက်ချလိုက်၏။

ကျောက်ရှန်းကော၏ အချိန်က မိနစ်ပိုင်းမှသည် စက္ကန့်ပိုင်းအထိ လွန်စွာမှ အဖိုးတန်လှရာ ထန်ယို့မင်နှင့် ရှန်ကျုံးနျဲန် ခေါ်လျှင်ပင် ထိုသူက အကြိမ်တိုင်း လက်မခံတတ်ပါ။ မိမိကိုဆို စကားထဲ ထညိ့ပြောနေစရာပင် မလို။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] Where stories live. Discover now