အပိုင်း - ၅၅ ( မင်း ကိုယ့်ကို သဘောကျနေတာမလား )
ချန်ဝမ်၏ခေါင်းမှာ တစ်စုံတစ်ေယာက်၏ ကျယ်ပြန့်ေနွးေထွးေသာ ရင်ခွင်ထဲ မြှုပ်နေအောင် ဆွဲဖက်ခံထားလိုက်ရသည်။ တစ်ဖက်လူ၏ ရင်ခုန်သံကလည်း ပြင်းထန်ကျယ်ေလာင်လှ၏။ ဤကိုယ်သင်းငွေ့ကို ချန်ဝမ် ရင်းနှီးလှသည်။ ချန်ဝမ်မှာ အောက်ဆီဂျင်အပြည့်အဝ ပြန်ရှူခွင့်ရလိုက်သော ရေနစ်သူတစ်ဦးပမာ ဖြစ်သွားလို့။
ကျောက်ရှန်းကော၏ Colt Python revolver က ပို၍ မြန်ဆန်သလို ပို၍လည်း တိကျကာ တစ်ဖက်ရှိ လူသတ်သမား၏ လက်ကောက်ဝတ်အား တိုက်ရိုက်ထိမှန်၏။
"ဒိုင်း!!!!"
ကျောက်ရှန်းကောက ချန်ဝမ်အား လက်တစ်ဖက်ဖြင့် ဖက်တွယ်ထားကာ ၊ လက်မြှောက်အရှုံးပေးထားသော တစ်ဖက်ရန်သူ၏ လက်ထောက်သို့ သေနတ်ပြောင်းဝ ချိန်ထားလိုက်၏။
"လူကြီးမင်းကျောက် - "
ကျောက်ရှန်းကော ဘာကိုမှ နားထောင်မနေပါ။ ထိုသူ၏ ဘယ်ဘက်ပခုံးကို ပစ်ထည့်လိုက်ပါ၏။
ဟူမင် လဲကျသွားသည်နှင့် ကျန်သောရန်သူများက အဘက်ဘက်မှ ဝိုင်းအုံလာကာ ဟူမင်အား လာရောက်ကာကွယ်ပေးကြသည်။ ကျောက်ရှန်းကော ခေါင်းငုံ့လိုက်ကာ ချန်ဝမ်အား ပြောလာ၏။
"မြဲမြဲဖက်ထား"
ထို့နောက် ချန်ဝမ်အား အမြန်ပွေ့ချီကာ port hole များဘက် ပြေးသွားသည်။ နှစ်ယောက်သားမှာ shock absorber နောက် ပုန်းကွယ်နေခဲ့လို့။
ကျောက်ရှန်းကောမှာ ချန်ဝမ်အား တင်းကျပ်မြဲမြံစွာ ဖက်ပေးထားမြဲဖြစ်ကာ ၊ မသိလျှင် ချန်ဝမ်အား သူ့အသွေးအသားနှင့် အရိုးထဲထိ တစ်သားတည်းဖြစ်သွားအောင် နှစ်ဝင်ထားလိုသည့်အလား။
ကျောက်ရှန်းကော၏ ခန္ဓာကိုယ်ထံမှ သွေးညှီနံ့အချို့ ရလိုက်သဖြင့် ချန်ဝမ်က ကျောက်ရှန်းကော၏ ကျောပြင်ဘက် စမ်းကြည့်လိုက်သည်။ သူ့လက်ဖဝါးထက် သွေးစများ ကပ်ပါလာသောအခါ ထိန်းချုပ်မရနိုင်သော လူသတ်လိုမှုများ ချက်ချင်းလှိုက်တက်လာကာ လက်ထဲရှိ Beretta ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။