အပိုင်း - ၅၇ - အဆက်
ကျွန်းမှ ထွက်ခွာလာသော ညတုန်းက ကျောက်ရှန်းကော ပြောခဲ့သည့်စကားကြောင့် ချန်ဝမ် အတော်လေး အပြစ်ရှိသလို ခံစားေနရသည်။
နှစ်ပေါင်းများစွာ မျိုသိပ်ချုပ်တည်းခဲ့ရသော ချစ်ခြင်းများက မီးတောင်ပေါက်ကွဲသလို နိုးထလာခဲ့သည်မှန်ေသာ်ငြား ကံမကောင်းစွာဖြင့်ပင် ချန်ဝမ်က တိတ်တခိုးချစ်ရသည်ကိုသာ ကျွမ်းကျင်ကာ ယခုမှ ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ကို လိုက်လံပိုးပန်းဖူးခြင်း ဖြစ်၏။ ထို့ကြောင့် ကျောကျစ်ရွှမ်းထံ အကူအညီ လှမ်းတောင်းလိုက်ရာ ကျောကျစ်ရွှမ်းခမျာ သေမလိုပင် လန့်ဖျတ်သွားခဲ့သည်။
"ငါ ဘာပြောထားသလဲဟမ်!!! ငါ ဘာပြောထားသလဲ!!!"
ကျောကျစ်ရွှမ်းသည်ပင် ခံစားချက်များစွာကြား အလူးအလိမ့်ဖြစ်ကာ ဘာကို ခံစားနေရမှန်းမသိ ကြောင်သွားသည်။ ခဏမျှ တွေးပြီးနောက် ပြန်မေးလိုက်၏ ။
"ဘယ်လိုလဲ၊ လုပ်ကြပြီးပြီလား"
"..."
ချန်ဝမ် သေချာရှင်းပြလာ၏ ။
"ငါတို့ မတွဲကြရသေးဘူး။ ငါ သူ့ကို လိုက်ပိုးနေတုန်းပဲ"
"အမ်"
ကျောကျစ်ရွှမ်း ခဏငြိမ်သွားပြီးမှ ပြန်မေးလာ၏။
"ဒါက ရိုမန့်စ်စတိုင်လ် အသစ်တစ်မျိုးလားဟင်"
မိန်းမချော မိန်းမလှများစွာနှင့် တွဲဖူးသည့်တိုင် ဤသို့သော ရိုမန့်စ်စတိုင်လ်မျိုး ရှိမှန်း ကျောကျစ်ရွှမ်း တစ်ခါမှ မကြားဖူးပါ။
"..."
ချန်ဝမ် ရုတ်တရက်ကြီး ထပ်ခေါ်လာပြန်၏ ။
"ကျောကျစ်ရွှမ်း"
တစ်ဖက်လူက အတော်တိတ်ဆိတ်သွားသည်ပင်။ ချန်ဝမ် မျက်လွှာချလိုက်ကာ တိုးညှင်းဖျော့ေတာ့စွာ ပြောလာ၏။
"စီးကရက်ဖြတ်ဖို့ ငါ မော်နီကာဆီ သွားချင်တယ်"
"အေး၊ အေး ။ ငါ အဖော်လိုက်သွားပေးမယ်"
ကျောကျစ်ရွှမ်း ခေတ္တမျှ တွေးလိုက်ပြီးေနာက် ထပ်မေးလာ၏။