အပိုင်း - ၁၄ ( ဖဲဝေသူသည် နတ်ဘုရား )
Double update for today. Please make sure to read the previous chapter too. Thank you.
ထန်ယို့မင် ရှိနေသဖြင့် ပင်လယ်ခရီးထွက်မည့်အစီအစဉ်က လျင်မြန်စွာ အကောင်အထည်ပေါ်လာ၏။
ဟိုင်မြို့၏ လူဝင်ဆန့်ကာ ကျော်ကြားထင်ရှားသူတစ်ဦးပီပီ ထန်ယို့မင်က လူအချို့အား ခေါ်လာနိုင်ခဲ့သည်။ ထိုသူတို့အားလုံးကလည်း နောင်တစ်ချိန်ကျ စီးပွားရေးအရ အသုံးဝင်လာကြမည့်သူများ ဖြစ်၏။
ကျောက်ရှန်းကော၏ စီးပွားရေးလုပ်ပုံကိုင်ပုံက အတော်လေးအဆင်မပြေဟု ထန်ယို့မင် မြင်ခဲ့သည်မှာ ကြာလှပြီ။ ကျောက်ရှန်းကောဖြစ်နေတိုင်းလည်း အဆင်မပြေနိုင်ပါ။ ဤေဒသမှာ နိုင်ငံရပ်ခြား မဟုတ်သောကြောင့် ပြန်ေရာက်လာပီဆိုလျှင်လည်း လူမှုရေးထုံးတမ်းများအား လိုက်နာကာ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရမည်ဖြစ်သည်။
ကျောကျစ်ရွှမ်းဘက်က ချန်ဝမ်အား ဖိတ်ေခါ်လာသောအခါ ချန်ဝမ်က ဤအစီအစဉ်က မည်သူ့စိတ်ကူးဖြစ်သနည်းဟု ပြန်မေးလာ၏။
“…”
ကျောကျစ်ရွမ်းက ဘာမှမပြောဘဲ ချန်ဝမ်အား စေ့စေ့သာ ကြည့်လာသည်။
ဤအဖွဲ့ထဲ လူစုလူဝေးရှိပြီဆိုလျှင် ချန်ဝမ်က စည်းကမ်းတစ်ခုအား အမြဲလိုက်နာ၏။ ထန်ယို့မင် သို့မဟုတ် ရှန်ကျုံးနျဲန်မှ စီစဉ်လျှင် သူ သွားမည်။ ကျောက်ရှန်းကော စီစဉ်လျှင်တော့ မသွားပါ။
ချန်ဝမ်၏မျက်လုံးထဲ ထန်ယို့မင်အား သူငယ်ချင်းတစ်ပိုင်းအဖြစ် သဘောထားနေပြီဖြစ်၏။ သူငယ်ချင်း၏ ပါတီပွဲထဲ ကျောက်ရှန်းကောကို တွေ့ရမည်မှာ ကံကောင်းမှုအကြီးစား ဖြစ်၏။
ကျောက်ရှန်းကောကမူ သူ့သူငယ်ချင်း မဟုတ်ပါ။ တစ်ဖက်လူက သူ့အား နာမည်တပ်ပြီး တကူးတက ဖိတ်ကြားခြင်း မရှိပါ။ ထို့အပြင် ထန်ယို့မင်နှင့် ကျောကျစ်ရွှမ်း၏ ဂုဏ်သိက္ခာကိုလည်း ငဲ့ညှာထောက်ထားရမည်မို့ သူ့ဘက်က အရှက်မရှိစွာ ထိုထိုသောပွဲများထဲ အတင်းသွားမည်ဆိုလည်း မဟုတ်ေသးပြန်။
ကျောကျစ်ရွှမ်းက တစ်ချက်လေးသော်မျှ မတွန့်ဆုတ်ဘဲ ချန်ဝမ်အား လိမ်ပြောလိုက်၏။