အပိုင်း - ၂၄ ( ကိုယ့်ကိုယ်ကို ဆိုးဆိုးရွားရွား မဆက်ဆံနဲ့ )
Double update for today. Please make sure to read the previous chapter. Thanks.
ထိုစကားတစ်ခွန်းတည်းနှင့်ပင် ကျောကျစ်ရွှမ်း၏ ရင်ထဲက ဒေါသမီးတစ်ဝက်အား ငြိမ်းသတ်နိုင်ခဲ့၏။ သို့သော် ကျောကျစ်ရွှမ်း မကျေနပ်နိုင်သေးပါ။
သိကျွမ်းခင်မင်လာသော ဆယ်နှစ်ကျော်ကာလအတွင်း သူ့သူငယ်ချင်း ဤမျှထိ ဒေါသထွက်သည်ကို ချန်ဝမ်လည်း မမြင်စဖူး။ အကြိမ်ကြိမ်အခါခါ တွေးတောပြီးသည့်နောက် ကျောကျစ်ရွှမ်း၏ပခုံးထက် သိပ်မေလးသော ခွန်အားအနည်းငယ်ဖြင့် ဖိလိုက်၏။ သို့သော် သူ၏ စကားကမူ ကျောကျစ်ရွှမ်း၏ နှလုံးသားအား တောင်ထွဋ်တစ်ခုပမာ ဖိချပစ်ခဲ့သည်။
ချန်ဝမ် သူ့ကို ကြည့်ကာ ပြောလာ၏။
"အရင်ဆယ့်ခြောက်နှစ်တုန်းက ရှောင်လန်စန်းရဲ့ခေါင်းဆောင် ဘယ်သူလဲဆိုတာ မင်း သိသလား"
ကျောကျစ်ရွှမ်း လန့်သွား၏။ ထို့နောက် ချန်ဝမ်အား ပါးစပ်အဟောင်းသား ငေးကြည့်လာလို့။
"မင်း - "
"အင်း"
ချန်ဝမ်က သူ့အား စေ့စေ့ပြန်ကြည့်ကာ ပွင့်လင်းစွာပင် ဝန်ခံလိုက်၏။
"ဒါက ငါလှမ်းနိုင်တဲ့ အနီးဆုံးခြေလှမ်းပဲ"
တကယ်အောင်မြင်မှာလား မသေချာေပမယ့်ေပါ့ေလ....။
အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ဤစီးပွားရေးကို လုပ်ကိုင်ဖို့ ကျောကျစ်ရွှမ်းနှင့် ထန်ယို့မင်တို့အား သိကျွမ်းသည်ဆိုသည့် ပတ်သက်မှုကို သူ မသုံးချင်။ အဆုံးသတ်တွင် ရှန်ကျုံးနျဲန်နှင့် ကျောက်ရှန်းကောဆီ အကူအညီသွားေတာင်းကြမည်သာ ဖြစ်သည်။ အထူးသဖြင့် သူ လော်ကန်းရှန်းအား လွတ်ထွက်မသွားစေလို။
ကျောကျစ်ရွမ်းမှာ ချန်ဝမ်အား ဆွံ့အစွာ ကြည့်နေခဲ့၏။
လက်စသတ်ေတာ့ ထိုသူက တစ်ရက်လေးသော်မျှ မေ့မနေခဲ့ခြင်းပင်။ သို့တည်းမဟုတ် တစ်မိနစ်လေးသော်မျှ ၊ သို့တည်းမဟုတ် တစ်စက္ကန့်လေးသော်မျှ မေ့မနေခဲ့ခြင်း။