အပိုင်း - ၅၀ ( Rose Beretta )

5.9K 870 182
                                    

အပိုင်း - ၅၀ ( Rose Beretta )

ကျောက်ရှန်းကော သူ့ကို ကော်ဖီတစ်ခွက် ပေးလာ၏။

ချန်ဝမ်လည်း ယူလိုက်သည်။

ဤကော်ဖီအား ဒုလက်ထောက် ကူညီပြင်ဆင်ပေးခြင်း ဖြစ်ရမည်။ ဤသည်မှာ ဆိုင်မှ ပါဆယ်ဆွဲလာသော စတိုင်လ်မျိုး မဟုတ်ပါဘဲ ခွက်ပေါ်တွင်ပင် မင်လုံ၏အမှတ်တံဆိပ် ရှိနေသည်။ သူတို့ကုမ္ပဏီထံ အစည်းအဝေးသွားထိုင်ရတုန်းကလည်း တစ်ခါသုံးခွက်ပေါ်၌ ယခုလို တူညီသော အမှတ်တံဆိပ်မျိုး ရှိ၏။

ကျောက်ရှန်းကောက ပေါင်ပေါ်ရှိ laptop ကို ဖယ်လိုက်ကာ ချန်ဝမ်အား မေးလာသည်။

"ကြိုက်ရဲ့လား"

ထိုကော်ဖီမှသည် Oats (အုတ်ဂျုံ)ရနံ့ ခပ်‌‌ေဖျာ့‌ေဖျာ့ရ‌ေန၏။

ယခင်တုန်းကသာဆိုလျှင် သူ အကုန်ကြိုက်ပါသည်ဟု ချန်ဝမ် ဖြေဖြစ်မည်။ ယခုတော့ ကျောက်ရှန်းကောက သူ့ကို သူငယ်ချင်းဟု သတ်မှတ်ထားကာ နှစ်ဦးနှစ်ဖက်အတွင် မျှတသော စကားဝိုင်းမျိုးကိုသာ အလိုရှိသည်ဟု ချန်ဝမ် သိနေသဖြင့် သူ့အကြောင်းကိုဆို အနည်းငယ်မျှဖြစ်ဖြစ် အမှန်အတိုင်း ပြောပြဖို့ ချန်ဝမ် ဆန္ဒရှိ၏။

" ကျွန်တော် oatmeal တော့ ကြိုက်ပေမယ့် ဒီထက် အချိုပိုပေါ့တာမျိုးပဲ သောက်လေ့ရှိပါတယ်"

ကျောက်ရှန်းကော သူ့အား ကြည့်လာကာ "ဟုတ်ပြီ"ဟု ရေရွတ်ပြီး‌ေနာက် ဖုန်း ထုတ်လိုက်၏။

"ကိုယ့်လက်ထောက်ဆီ ပြောထားလိုက်မယ်"

"ခင်ဗျာ?"

ကျောက်ရှန်းကောက စာပို့နေရင်း ပြန်ဖြေလာ၏။

"နောင်ဆိုလည်း မင်း မင်လုံကို မကြာခဏ လာရမှာပဲလေ"

ချန်ဝမ်ခမျာ ထိုသူကို ကြည့်ရင်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလို့။ လူမှန်းသိတတ်စ,အရွယ်ကတည်းက အရွယ်‌ေရာက်ကြီးပြင်းလာသည်အထိ ယခုလိုမျိုး အလေးအနက်ထား ဆက်ဆံခံရခြင်းကို ချန်ဝမ် မကြုံခဲ့ရဖူးပါချေ။

နောက်ဆုံးတော့ ချန်ဝမ် တိုးတိုးလေးသာ ရေရွတ်လာနိုင်‌ေပ၏။

"ကျေးဇူးတင်ပါတယ်"

ကျောက်ရှန်းကော၏ စာရိုက်နေသောလက်များ တုံ့ဆိုင်းသွားရသည်။ ထို့နောက် ချန်ဝမ်ဘက် ခေတ္တမျှ မော့ကြည့်လာကာ ဖြည်းနှေးစွာ ပြောလာ၏။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] Where stories live. Discover now