အပိုင်း - ၂၅ ( King of Clubs )

5.1K 803 68
                                    

အပိုင်း - ၂၅ ( King of Clubs )

ဟယ်ရှန့်ယွမ်နှင့် တွေ့ဆုံဖို့အချိန် ရောက်ရှိလာပြီဖြစ်ကာ တိုက်တစ်ထပ်လုံးအား အပြတ်ငှားထားသည့် ရှောင်ထန်ရှန်းစားသောက်ဆိုင်၌ တွေ့ကြမည်ဟု ချိန်းဆိုဖြစ်၏။

ချန်ဝမ် အရင် ရောက်လာသည်။ သူ့ပိုင်နက်ပွဲခင်း မဟုတ်သော်ငြား ပွဲမစခင် အစစအရာရာအား အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရသည်ကို သူ သဘောကျသည်။

တစ်ဖက်က ဧည့်သည်အချို့လည်း တဖွဲဖွဲရောက်လာကြပြီဖြစ်၏။ ထိုသူတို့အားလုံးမှာ ဤရွှေပေါ်မြနန်းလောကထဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တက်ရောက်လာကြခြင်းဖြစ်ကာ အဓိကဇာတ်ကောင်အစစ် ရောက်မလာခင် ပွဲခင်းနေရာအား သက်ဝင်လှုပ်ရှားအောင် လုပ်ပေးကြသည်။

ဤတစ်ကြိမ်၏ အဓိက‌ဇာတ်ကောင်များထဲ အရင်ဦးဆုံး ရောက်ချလာသူမှာ ကျောက်ရှန်းကောဖြစ်၏။ သို့သော် သူ အ‌ေစာကြီး ရောက်လာခြင်းတော့ မဟုတ်ပါ။ အချိန်ကိုက်ရောက်လာကာ တစ်ယောက်တည်းသာ ရောက်လာသည်။

ထန်ယို့မင်နှင့် ရှန်ကျုံးနျဲန်တို့ကို မတွေ့ရပါ။ ချန်ဝမ်လည်း သူ့ဆီ နှုတ်ခွန်းဆက်ဖို့ လျှောက်လှမ်းသွားကာ ရှိနေသော ဧည့်သည်အချို့နှင့် မိတ်ဆက်‌ေပးဖြစ်သည်။ ကျောက်ရှန်းကောက သူတို့တစ်ယောက်ချင်းစီနှင့် လက်ဆွဲနှုတ်ဆက်ခဲ့၏။

အချို့ဧည့်သည်များက ဟယ်ရှန့်ယွမ်၏ မိတ်ဆွေများ ဖြစ်ကာ အချို့ကမူ ဤနယ်ပယ်၏ ဝါရင့်သမ္ဘာရင့်များ ဖြစ်ကြ၏။ အမည်မသိ ဖြစ်တည်မှုနတ္ထိဟူ၍ တစ်‌ေယာက်မှ မရှိ။ ဖျော်ဖြေမှုတစ်ဝက်၊ စေ့စပ်ညှိနှိုင်းရေးတစ်ဝက် ပါမည့် ဤည၏ တွေ့ဆုံပွဲထဲ ထိုသူတို့က အရေးပါသောကဏ္ဍထဲ ပါဝင်ကြ‌ေပမည်။

ဩဇာအာဏာကြီးသည့် ရာထူးအား ပိုင်ဆိုင်ထား‌ေသာ.... မဟုတ်သေးပါ၊ သူကိုယ်တိုင်ကိုက ဩဇာတိက္ကမ၏ လူသားအသွင်ဝင်စားခြင်းဖြစ်‌ေန‌ေသာ မင်လုံ group၏ မင်းသား‌ေလးမှာ သူတို့ထင်ထားသလို ချဉ်းကပ်ရခက်လှသည့် မြင့်မြတ်ထည်ဝါလွန်းသည့်လူစား မဟုတ်ကြောင်း ဧည့်သည်များ သိသွားကြ၏။ ထိုသူမှာ အတော်‌ေလး ငယ်ရွယ်နေသေးကာ သူတို့ထင်ထားသည်ထက် ပိုမိုချောမောခန့်ညားသည်။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] Where stories live. Discover now