အပိုင်း - ၁၉ ( အဖြေမှန် )
ဗုဒ္ဓရုပ်ပွားတော်မှာ သန္တိဓာတ်အပြည့်နှင့် ငြိမ်းချမ်းနေ၏။ ချန်ဝမ်က ရုပ်ပွားတော်ရှေ့က ဘုရားစာအား စုန့်ချင်းမြောင့်အတွက် ရွတ်အံပေးရင်း ဈာန်ဝင်ေနကာ ကျောင်းထိုင်ဘုန်းကြီးကြွလာမှန်းပင် သတိမထားမိ။
ထိုအမျိုးသမီးက ချန်ဝမ်အား ပေါင်ပေါင်းဟု တိုးတိုးလေး ထပ်ေခါ်လာသောအခါ ကျောက်ရှန်းကောမျက်နှာ အနည်းငယ်မဲ့သွားသည်။
အနီးကပ်မြင်ရခါမှ ထိုအမျိုးသမီးက တစ်ခေတ်တစ်ခါ ဟိုင်မြို့၏ အကျော်ကြားဆုံးလှကညာဖြစ်ေသာ စုန့်ချင်းမြောင့်ဖြစ်ကြောင်း ကျောက်ရှန်းကော တွေ့လိုက်ရသည်။ သို့ဆိုပါက ဤနှစ်ယောက်မှာ ချစ်သူရည်းစားများ မဖြစ်နိုင်ကြတော့ပါ။
ထိုစဉ်တုန်းက အဖြစ်အပျက်များကို ကျောက်ရှန်းကော လုံးစေ့ပတ်စေ့ မသိ။ ထိုအဖြစ်ကို လူအများလည်း မေ့ပျောက်သွားကြပြီဖြစ်ကာ မည်သည့်အရာက အမှန်မှန်းအမှားမှန်း ခွဲခြားနိုင်ခြင်းလည်း မရှိ။
ချန်ဝမ်က ဟိုင်မြို့မှ မဟုတ်ကြောင်း ထန်ယို့မင်ပြောသည်ကို သူ ကြားဖူး၏။ မိခင်ဖြစ်သူက ကျန်းနန်သူဖြစ်သောကြောင့် ချန်ဝမ်ထံတွင် ကျန်းနန်၏ ရှုမျှော်ခင်းပန်းချီကားပမာ ကျော့ရှင်းတင့်တယ်ပြီး နူးညံ့သိမ်မွေ့သည့် အလှမျိုး ရှိနေသည်မှာ မဆန်း။ ကျောက်ရှန်းကော၏အတွေး မဟုတ်ပါ။ ချင်ကျောက်ထင် ပြောဖူးခြင်းသာ ဖြစ်၏။
ဘေးနားရှိ လူအများက ကျောင်းထိုင်ဘုန်းကြီးအား ဝိုင်းနှုတ်ဆက်ကြသည်။ ချန်ဝမ် မော့ကြည့်လိုက်သောအခါ နောက်ကလူအား တွေ့သွားသဖြင့် စိတ်ထဲမှ သက်ပြင်းခိုးချမိလို့။ ရွေးချယ်စရာ မရှိတော့သည့်အဆုံး သူ နြှတ်ခွန်းဆက်သလိုက်ရသည်။
"အရှင်ဘုရား၊ လူကြီးမင်းကျောက်"
ကျောက်ရှန်းကောက တည်ငြိမ်စွာ ခေါင်းပြန်ညိတ်ပြ၏။ ကျောင်းထိုင်ဘုန်းကြီးကလည်း သူတို့အား ပြန်လည်နှုတ်ဆက်လာသည်။
"ဒကာမစုန့်၊ ဒကာလေးချန်"
စုန့်ချင်းမြောင့်မှာ ညစာစားပွဲများထဲ ကျောက်ရှန်းကောအား အဝေးမှ လှမ်းမြင်ဖူး၏။ ထို့ကြောင့် အင်မတန်ကိုပင် ပျော်ရွှင်အံ့ဩသွားကာ ချန်ဝမ်ဘက် လှည့်ကြည့်လာသည်။ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိဟု သူမ ယူဆထားသော သားက ဤသို့သောလူတစ်ေယာက်အား သိကျွမ်းနေမည်ဟု ထင်မထားခဲ့။