အပိုင်း - ၄၀ ( ကိုယ့်လူကိုကိုယ် သံသယမဝင်နဲ့ )
Double update for today. Please make sure to read the previous chapter too. Thanks.
"စိတ်လှုပ်ရှားနေတာလား"
"ခင်ဗျာ"
"နှလုံးခုန်နှုန်း တအားမြန်နေတယ်"
"..."
ကျောက်ရှန်းကော လိမ်ပြောလိုက်ခြင်းသာ။ ဤမျှတိုတောင်းေသာ အချိန်အတွင်း တစ်ခဏမျှသာကြာသော အထိအတွေ့ဖြင့် မူမမှန်မှုတစ်စုံတစ်ရာအား သူ ခံစားသိရှိနိုင်မည် မဟုတ်ပါလေ။
ချန်ဝမ် ပြုံးလိုက်ကာ တည်ငြိမ်စွာသာ ပြောလာ၏။
"စိတ်မလှုပ်ရှားရပါဘူးခင်ဗျာ။ ဒါပေမယ့် Party A ကြီးကိုယ်တိုင် ဒီလိုခခယယ လုပ်ပေးနေတာဆိုတော့ နည်းနည်းပါးပါး ဂုဏ်ယူဝမ်းသာမိသွားတာပါ"
ကျောက်ရှန်းကောက ပုံမှန်လေသံဖြင့်ပင် ရက်ရက်ရောရောရှိစွာ ပြောလာသည်။
"ဒါေတွက အသေးအမွှားပါ။ မင်း လေလံအောင်ပြီးပြီဆိုတော့ မင်လုံရော ကိုယ်ရောအတွက်ကို အခက်အခဲအများကြီးကနေ ကယ်တင်ပေးပြီးသား ဖြစ်နေပြီ"
"သံသယရှိတဲ့လူကို အလုပ်မခန့်နဲ့၊ အလုပ်ခန့်ပြီးတဲ့လူတွေအပေါ်လည်း သံသယမဝင်နဲ့တဲ့။ မင်လုံက Ke Xiang ကို ပါတနာအဖြစ် ရွေးချယ်ပြီးမှတော့ ကိုယ် မင်းကို ယုံကြည်အားထားလို့ရတယ်လို့ အသိအမှတ်ပြုပြီးတဲ့ သဘောပဲ။ Ke Xiang က ဈေးအများကြီးမတောင်းပေမယ့် ကိုယ့်ဘက်ကနေ မရိုးမသား ခေါင်းပုံမဖြတ်ချင်ဘူး။ အရင်တစ်ခေါက်လည်း ကိုယ် ကျေးဇူးကြွေးတင်ခဲ့တာကို ထောက်ထားငဲ့ညှာသောအားဖြင့် ဒါကို ကိုယ့်ဆီကနေ - "
"လာဘ်ထိုးတာလို့လည်း ယူဆနိုင်ပါတယ်"
ချန်ဝမ်လည်း မည်သည့်သံသယမှ မဝင်ဖြစ်ဘဲ ခေါင်းသာညိတ်လိုက်သည်။
Party Aအဖြစ် ကျောက်ရှန်းကော မည်သို့လုပ်ဆောင်တတ်ကြောင်း ချန်ဝမ် သတင်းကြားဖူး၏။ ယနေ့အထိ မင်လုံ အောင်မြင်နေခြင်းမှာ ၎င်း၏အာဏာကို ဆုပ်ကိုင်ထားေသာသူ၏ ပြတ်သားခိုင်မာမှုချည်းကြောင့် မဟုတ်ပါ။ တစ်ဖက်လူက ငယ်ရွယ်ေသးသော်ငြား စီးပွားရှင်လုပ်ငန်းရှင်ကြီး ပီသစွာ စိတ်ရှည်သည်းခံသည်။ ပညာရည်လည်း ပြည့်ဝကာ ဘဝင်မြင့်ခြင်း မရှိ။ သဘောထားလည်း ကျယ်ပြန့်လှ၏။ ထိုသူမှာ လမ်းတစ်လျှောက်လုံး ထိုအတိုင်း အသိအမှတ်ပြုခံခဲ့ရ၏။