အပိုင်း(၄၅၁) မိစ္ဆာဓားနတ်ဘုရားရဲ့ အထောက်အထားကို ဘယ်လို အတည်ပြုနိုင်မလဲ

25 6 0
                                    

ပုံမှန်အားဖြင့် ဤအချိန်တွင် ထောင်အုပ်လျန့်က အလုပ်ကနေ အိမ်သို့ပြန်လာလေ့ရှိသည်။

သို့သော် သူထိုကဲ့သို့ မလုပ်ဝံ့ပေ။

အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်ရီ လာမည်ဟု အစောပိုင်းကကျိုးရီ ထံမှ ဖုန်းခေါ်ဆိုမှုကြောင့် ဖြစ်သည်။

ပြဿနာမှာ ဗိုလ်ချုပ်ရီက အချိန်ကို တိတိကျကျ မသတ်မှတ်ထားသောကြောင့် ထောင်အုပ်လျန့်က တစ်နေ့လုံး နေမထိ ထိုင်မသာ စောင့်ဆိုင်းနေခဲ့ရသည်။

ယင်းကိုကြည့်လျှင် ဗိုလ်ချုပ်ရီက ဤကိစ္စကို အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ်သာ ကိုင်တွယ်ချင်ပြီး ပြင်ပသို့ သတင်းမထွက်စေချင်မှန်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

တစ်ချိန်တည်းမှာပင် ထောင်အုပ်လျန့်က အလွန်အမင်း သံသယ ဝင်လာသည်။

သူတို့ ဖမ်းထားသည့် လူငယ်လေးက တကယ်ပဲ မိစ္ဆာဓားနတ်ဘုရား ဖြစ်နေပါသလော။

သူအနေဖြင့်မူ မယုံကြည်ရဲပေ။

အဆုံးသတ်တွင် မိစ္ဆာဓားနတ်ဘုရားသည် မိစ္ဆာအင်ပါယာကွာဖီ မတိုင်မီ နံပါတ်တစ် မိစ္ဆာကြီး အဖြစ် ကျော်ကြားခဲ့သူဖြစ်သည်။

ကိုယ့်ဆရာကို ကိုယ်တိုင် ပြန်သတ်ပြီးနောက်တွင် မိစ္ဆာဓားနတ်ဘုရား၏ နာမည်က ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ ယခင်မျိုးဆက်များကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။

ထို့နောက် လွန်ခဲ့သည့် ​နှစ်ရာပေါင်းများစွာတွင် မိစ္ဆာဓားနတ်ဘုရားသည် လူမြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် တကယ်တမ်းတွင် နိုင်ငံတစ်ဝှမ်းရှိ ဓားပညာရှင်များ ထူးထူးခြားခြား အသတ်ခံခဲ့ရသည့် အမှုအခင်း အများအပြား နှစ်စဥ်ရှိခဲ့သည်။

ဤကိစ္စရပ်အားလုံးတွင် တူညီသော အရာတစ်ခုရှိသည်။

ယင်းမှာ သေဆုံးသူအားလုံးသည် တူညီသော ဓားတစ်ချောင်းထဲဖြင့် သေဆုံးသွားခဲ့ကြခြင်းပင်။

ဤကိစ္စအားလုံးကို တိုင်ကြားထားပြီး ဖြစ်သော်လည်းယခုတိုင် မဖြေရှင်းနိုင်သေးပေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now