အပိုင်း(၄၉၀) ခေါက်ဆွဲခြောက်ကြွပ်ကြော်၏ အံ့ဖွယ်အကျိုးသက်ရောက်မှု ခေါက်ဆွဲခြောက်က

12 2 0
                                    

ခေါက်ဆွဲခြောက်ကြွပ်ကြော် စားပြီးနောက်တွင် မည်သို့ ခံစားရပါသနည်း။

ငွေရောင်လေးက လတ်တလော မပြောနိုင်ခဲ့ပေ။

သူက အစောပိုင်းတွင် အလွန် စိတ်ရှုပ်နေသောကြောင့် အမွှေးအကြိုင်မှုန့် ထည့်ဖို့ပင် မေ့သွားခဲ့သည်။

ခေါက်ဆွဲခြောက်​ကြွပ်ကြော် စားရသည့် ခံစားချက်ကို သူမည်သို့ သိနိုင်ပါအံ့နည်း။

သို့သော် သူ ဘာမှပြန်မပြောမီမှာပင် သူ့ရင်ထဲ၌ မီးလုံးကြီးတစ်လုံး တောက်လောင်နေသကဲ့သို့ လောင်ကျွမ်းနေသော စွမ်းအင် တချို့ကို အမှန်တကယ် ခံစားလိုက်ရသည်။

"ဒါက ဝိညာဉ်စွမ်းအား ကြွယ်ဝတဲ့ လက္ခဏာလား"

"ဒါဘယ်လိုမှမဖြစ်နိုင်ဘူးလေ"

ငွေရောင်လေး အံ့အားသင့်သွားသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဤသည်မှာ အဆင့်တက်သည့် အချိန်၌သာ ဖြစ်ပွားလေ့ရှိသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။

ဤကဲ့သို့ ခံစားချက်မျိုးကို လွန်ခဲ့သော နှစ်တစ်ထောင်က သတ္တမအဆင့်မှ ဆဌမအဆင့်သို့ တိုးတက်လာသောအခါတွင် ခံစားခဲ့ရဖူးသည်။

၎င်းသည် သာမန်လူသား ကျင့်ကြံသူများ အဆင့်တက်သည့်အခါ ခံစားခဲ့ရသည့် အရာများနှင့် ကွဲပြားကောင်း ကွဲပြားနိုင်သည်။

သို့သော်လည်း များပြားလှသော ဝိညာဉ်စွမ်းအားသည် မြင့်မားသောနယ်ပယ် အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်တော့မည့် အချိန်တွင် သူတော်စင်သားရဲများ အတွက် ထူးခြားသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။

"လခွမ်းပဲ"

ခေါက်ဆွဲခြောက်ကြွပ်ကြော်စားပြီးသည့် နောက်တွင် စူပါဆင့်ကဲ ဖြစ်စဉ်ကို သူကြုံတွေ့ခဲ့ရပါသလော။

ငွေရောင်လေးက သူ့လက်များကို ခါယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်အနှံ့တွင် ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူက ထွင်ထျန်းဟာ သူ့ကို လိမ်ပြောခြင်း မဟုတ်မှန်း ချက်ချင်း သဘောပေါက်သွား၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now