အပိုင်း(၄၆၇) မော့အင်မော်တယ်ရဲတိုက်သည် နာယကတစ်ဦးကို တွေ့ရှိခဲ့သည်

32 2 0
                                    

အနက်ရောင်ထီးက နေရာလွတ် အတားအဆီးတစ်ခု ဖန်တီးနိုင်သောကြောင့် အလွန်ထူးခြားသည်ဟု ဆိုရမည်။

ရဲတိုက်လေဒီက ဤကဲ့သို့ စွမ်းရည်ရှိသော မှော်လက်နက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

သာမန်အခြေအနေတွင် အတားအဆီးတစ်ခုသည် မှော်အစီအရင်တစ်ခု အသုံးပြုရန် လိုအပ်သည်။

ထို့အပြင် ၎င်းကို တည်ဆောက်ရန် လူများစွာက အတူတကွ လုပ်ဆောင်ကြရမည် ဖြစ်သည်။

ဥပမာအားဖြင့် ရွှေကုံးဂိုဏ်း ဖြစ်စဥ်တွင် ရှောင်မျိုးနွယ်စုမှ ရှောင်ယွင်ချမ်းကို ဖမ်းဆီးရန် ၎င်းရှိခဲ့ဖူးသော ဧရိယာတစ်ဝိုက်တွင် အတားအဆီးတစ်ခု တည်ဆောက်ရန် အတွက် နေရာအနှံ့မှ ရဲအရာရှိ ထောင်ပေါင်းများစွာက ပူးပေါင်းခဲ့ရသည်

ဟုတ်ပါသည်။ အနန္တတန်ခိုးရှင် ဆိုလျှင်မူ မည်သူ့ အကူအညီမှ မယူဘဲ ၎င်းတို့ကိုယ်တိုင် အတားအဆီးကို ဖန်တီးနိုင်မည် ဖြစ်၏။

သို့တိုင် ဂါထာမန္တရား မန်းမှုတ်ရန် အချိန်တစ်ခုတော့ လိုအပ်ဦးမည်သာ။

သို့သော် ဥက္ကဌပိုင်၏ အနက်ရောင်ထီးကမူ အတားအဆီးတစ်ခုကို ချက်ချင်း ဖန်တီးနိုင်ခဲ့သည်။

ယင်းက ရဲတိုက်လေဒီကို ချွေးပြန်စေခဲ့သည်။

အနက်ရောင်ထီးက အလွန် အစွမ်းထက်သော နေရာလွတ် မှော်လက်နက်တစ်ခုဟု အနည်းနှင့်အများ သူမ မှန်းဆနိုင်ခဲ့သည်။

ဥက္ကဌပိုင်ကို ရဲတပ်ဖွဲ့က  ရှာမတွေ့ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သူ့လက်ထဲမှ အနက်ရောင်ထီးက တကယ့်ကို အသုံးကျသည့် လွတ်မြောက်ရေး ကိရိယာတစ်ခုပင် မဟုတ်ပါလား။

ရဲတိုက်လေဒီက လက်ထဲတွင် နောင်တလေအလျင်ဓားကို ကိုင်ထားပြီး အတားအဆီး ဧရိယာအတွင်း ရပ်နေသည်။

အတားအဆီး ဧရိယာက အလွန်ကြီးမားသောကြောင့် ကမ္ဘာငယ်လေး တစ်ခုဟုပင် ထင်ရသည်။

ဤထီးငယ်၏ မူလဇစ်​မြစ်မှာ လုံးဝ မရိုးရှင်းပေ။

"စီနီယာလု...ငါ အမှားလုပ်မိရင် ခွင့်လွှတ်ပါ "

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now