အပိုင်း(၅၀၁) ဝန်ချီစက်ထိပ်ဆုံးပေါ်မှ အသေအကျေတိုက်ပွဲ

15 0 0
                                    

ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်များက ကီးဘုတ်ကို နှိပ်နေစဉ်မှာပင် ID WFက ရန်သူ၏ဦးခေါင်းအား ထိမှန်အောင် ပစ်ခတ်လိုက်သည်။

ကစားသမား WFက AWMကို အစောကြီးကတည်းကကောက်ယူပြီး ထိုလူ၏ဦးခေါင်းကို ချက်ချင်းပစ်ခတ်သတ်ဖြတ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

၎င်းက ဂိမ်းထဲတွင် အကောင်းဆုံး စနိုက်ပါရိုင်ဖယ် ဖြစ်ပြီး သင့်အနေဖြင့် ဦးထုပ်ဆောင်းထားလျှင်ပင် လုံးဝ အသုံးမဝင်ပေ။

ခမောက် သို့မဟုတ် ချပ်ဝတ်တန်ဆာ မည်မျှပင် ဝတ်ထားပါစေ၊ ဤရိုင်ဖယ်‌သေနက်၏ ကျည်ဆံတစ်တောင့်သည် သင့်အား သတ်ဖြတ်ရန် လုံလောက်ပေသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ပစ်မှတ်လုယူ ခံလိုက်ရသောကြောင့် စိတ်ပျက်အားငယ်သောခံစားချက်များ လွှမ်းမိုးသွားခဲ့သည်။

သူက ဝမ်လင်း၏ ရှေ့တွင် စကေးအနည်းငယ် ကြွယ်ပြချင်သော်လည်း ထင်မှတ်မထားသည်များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

"အခုခေတ်ဂိမ်းတွေက ဆော့ရတာအရမ်းခက်တာပဲ"

သို့သော် ဤကစားသမား WF၏ အရည်အချင်းက တော်တော်လေးကောင်းသည်ဟု သူ့အနေဖြင့် ဝန်ခံရပေမည်။

"ညီနောင်လင်း.. မင်းသတိထားရမယ်.. ဒီလူက ငါတို့ရဲ့ တည်နေရာကို ကောင်းကောင်း သိနေပုံရတယ်"

ဗုံးပစ်စီနီယာအင်မော်တယ်က သူ့နားကျပ်ကို ချွတ်လိုက်ပြီး နံဘေးရှိ ဝမ်လင်းကို ပြောလိုက်သည်။

ဝမ်လင်းကလည်း စိတ်ထဲမှ အံ့ဩနေမိသည်။

ဗုံးပစ်စီနီယာအင်မော်တယ်ကို ဤအတိုင်းအတာအထိ လွမ်းမိုးနိုင်ကတည်းက ကစားသမား WF၏ အဆင့်က အလွန်မြင့်မားနေသည်မှာ လုံလောက်သော သက်သေတစ်ခုပင်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဤဂိမ်းကို မကစားဖြစ်သည်မှာ အတော်ကြာပြီဟု အခိုင်အမာဆိုသော်လည်း ဂိမ်းအပေါ်ရူးသွပ်မှု အထွတ်အထိပ်သို့ ရောက်ရှိစဉ် ကာလအတွင်း သူနှင့် အင်မော်တယ်ထုံရာ တို့သည် ဟွာရှို့၏ ထိပ်တန်းကစားသမား ငါးဆယ်စာရင်းသို့ပင် ပေါက်ရောက်ခဲ့ဖူး၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now