အပိုင်း(၄၆၄) စီးပွားကျပြီး စိတ်မချမ်းမြေ့ဖြစ်နေသော မော့အင်မော်တယ်ရဲတိုက်

22 4 0
                                    

ယခုတစ်ကြိမ် အမှတ် 60 အထက်တန်းကျောင်းရှိ စာမေးပွဲသည် နေ့တစ်ဝက် စာမေးပွဲ ပုံစံကို ကျင့်သုံးမည် ဖြစ်သည်။

အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးချမ်းသည် ကျောင်းသားများ အတွက် ထည့်သွင်း စဉ်းစားပေးခဲ့သည်။

ယင်းနောက်ကွယ်မှ အကြောင်းအရင်းသည် ကျောင်းသားများအပေါ် ဖိအားများ လျော့ပါးစေရန်နှင့် အခြားတစ်ဖက်တွင် ကျောင်းသားများအား စာမေးပွဲ အတွက် စာလေ့လာဖို့ အချိန်အလုံအလောက် ရစေရန် ဖြစ်၏။

ကျောင်းသား တော်တော်များများက ဤကဲ့သို့ နေ့တစ်ဝက် စာမေးပွဲစနစ် အကြောင်း ကြားသိရသောအခါ ဝမ်းသာသွားကြသည်။

ယင်းက စာမေးပွဲ ဖြေပြီးသည်နှင့် အိမ်သို့ တိုက်ရိုက်ပြန်၍ စာလေ့လာနိုင်သည် မဟုတ်ပါလား။

စာမေးပွဲ မဖြေခင် ဆရာမဖန်၏ ပြင်းပြသော တောင်းဆိုမှုကြောင့် စာသင်ချိန်များကို ဆိုင်းငံ့ထားခဲ့ရသည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ရှေ့ဆောင် ဆရာမ အဖြစ် ဆရာမဖန်သည် အမှန်တကယ်ပင် ဆရာမဖန် ဖြစ်သည်ဟု ဆိုနိုင်သည်။

သူမ၏ အကြံပေးမှုကြောင့် ကျောင်းအုပ်က စာမေးပွဲကာလအတွင်း သင်ခန်းစာ ဆိုင်းငံ့သည့် စနစ်အား ပြောင်းလဲခိုင်းခဲ့ပြီး တာအိုအဆောင်လက်ဖွဲ့ အတန်းချိန်ကိုသာ သင်ကြားစေခဲ့သည်။

အတန်းထဲတွင် လုံးဝ တိတ်ဆိတ်သွားသည်။

အတန်းချိန် ပြီးသောအခါ ဆရာမဖန်က လက်ထဲတွင် စာရွက်တစ်ပုံကို ပွေ့ပိုက်ကာ စာသင်ခန်းမှ ထွက်လာခဲ့သည်။

သူမ၏ ခြေသံ မှေးမှိန်သွားသည်နှင့်အမျှ ကျောင်းသားများ၏ ဆူညံသံများက ကျယ်လောင်စွာ ပေါက်ကွဲထွက်လာသည်။

"ဆရာမဖန်က အရူးမပဲ..."

ချန်းချောင်က မကျေမနပ် ရေရွတ်လိုက်သည်။

"ဟီးးး.. ဘာပဲဖြစ်ဖြစ် အခုငါတို့ ဘာမှလုပ်​စရာ မရှိတော့ဘူး.."

ကော်ဟောက် သူ့လက်ကို ဖြန့်လိုက်သည်။

"ဂိမ်းဆော့ကြမလား"

ချန်းချောင်က မေးလိုက်သည်။

"ဘာလို့ဆော့ရမှာလဲ... ကျွန်းသခင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို လွတ်မသွားဖို့က ပိုအရေးကြီးတယ်.. မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးကြပြီလား

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now