အပိုင်း(၄၅၆) ဖားက ရစ်ဌက်ကို အနိုင်မရနိုင်ဘူး

30 4 0
                                    

လူခြောက်ဆယ့်ခုနစ်ယောက်သာ ကျန်တော့သည်။

သို့သော် ဖန်းကွမ်း အနေဖြင့် နောက်ထပ် ဆယ့်ရှစ်ယောက်ကို သတ်ဖြတ်ပြီးမှသာ မစ်ရှင် ပြီးမြောက်မည် ဖြစ်သည်။

အခြားသူများကို ရူးသွပ်စွာ သတ်ဖြတ်ရန်အတွက် အချိန်ကို အပြည့်အဝ အသုံးချရမည် ဖြစ်သည်။

ဝမ်လင်းက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှ မျက်လုံးမခွာနိုင်ပေ။

ဖန်းကွမ်း၏ စစ်မှန်သော နယ်ပယ်အဆင့်ကို အခြားမည်သူမျှ မသိထားကြပေ။

ပကတိအင်မော်တယ် ဂိမ်းကစားသည်ကို ကြည့်ရသည်မှာ တကယ့်ကို ဆန်းကြယ်သော အတွေ့အကြုံတစ်ခု ဖြစ်သည်။

မှော်စွမ်းရည် အသုံးပြု၍ ဂိမ်းဆော့နေခြင်းသည် အလွန်ရှက်ဖွယ် ကောင်း၏။

သို့သော်လည်း ဝမ်လင်းက ယင်းကို လှည့်စားသည်ဟု မယူဆပေ။

အဆုံးသတ်တွင် လူသားများသည် ကိုယ်ပိုင် အရည်အချင်းဖြင့်သာ မှော်စွမ်းရည်ကို အသုံးပြုနိုင်၏။

ဖန်းကွမ်းက ​​ဤအဆင့်ကို ရောက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာအောင် ကြိုးစားခဲ့ရ၏။

နေ့ရောညပါ ဝီရိယစိုက်ထုတ်၍ ကျင့်ကြံလျှင်ပင် ဖန်းကွမ်းလို အာရုံစူးစိုက်မှု မှော်စွမ်းရည်ကို အသုံးပြုနိုင်ရန် နှစ်တစ်ရာခန့် လိုအပ်မည် ဖြစ်သည်။

ဤခေတ်တွင် တစ်နိုင်ငံလုံးနီးပါး ကျင့်ကြံလာကြပြီ ဖြစ်သည်။

အခြား တိုက်ရိုက် ထုတ်လွှင့်သူများ အနေဖြင့် ဂိမ်းဆော့ရာတွင် အထောက်အပံ့ ဖြစ်ရန် အတွက် မှော်စွမ်းရည်များအသုံးပြုခြင်း ရှိမရှိကို မည်သူမှမသိပေ။

ဂိမ်းထဲတွင် လိမ်လည်လှည့်ဖြားမှု နှင့် ပတ်သက်၍ မကြာခဏတွေ့ရလေ့ရှိသည်။

ထိုအတွက်ကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့် ပလပ်ဖောင်းများသည် ၎င်းတို့၏ ကိုယ်ပိုင် ခိုးယူမှုရှာဖွေခြင်း ယန္တရားကို ဂိမ်းထဲတွင် ထည့်သွင်းထားခဲ့သည်။

တိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း တိုက်ရိုက် ထုတ်လွှင့်သူများ အနေဖြင့် လှည့်စား၍ ကစားနေကြောင်း တွေ့ရှိလျှင် ၎င်းတို့ကို ပလပ်ဖောင်းမှ အပြီးအပိုင် ပိတ်ပင်သွားမည်ဖြစ်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now