အပိုင်း(၄၂၉) တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းရဲ့ အင်တာနက် ဆယ်လီအသစ်

26 4 0
                                    

ဝမ်လင်းက ဓားချီကို တစ်ကွက်ထဲဖြင့် ဆုံးမလိုက်သည်ကို မြင်လျှင် ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းစာသား တစ်ခုကို တွေးလိုက်မိသည်။

{တင်းပုတ် ရိုက်ချက်တစ်ချက်က မင်းကို လုံးဝ ရှင်းပစ်နိုင်လိမ့်မယ်}

ဤမြင်ကွင်းက တကယ်ကို အံ့အားသင့်စရာ ကောင်းလွန်း၍ ဖန်းကွမ်းက စခရင်ရှေ့တွင် အချိန်အတော်ကြာအောင် မှင်သက်နေခဲ့သည်။

မိစ္ဆာဓားနတ်ဘုရား၏ ဓားတာအိုလမ်းစဥ်မှ ဖြစ်ပေါ်လာသည့် ဓားချီက ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။

သို့သော် ဝမ်လင်းက ​​ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သလို တိုက်ရိုက် ချိုးဖျက်နိုင်မည်ဟု မည်သူ သိနိုင်မည်နည်း။

မှင်တက်နေရာမှ အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် ဖန်းကွမ်း၏ မျက်နှာပေါ်ရှိ အမူအရာက အလွန် ရှုပ်ထွေးသွားသည်။

ဖန်းကွမ်း "စီနီယာလင်း.. ငါမေးလို့ရမလား.. ဒါက ဘယ်လို မဟာတာအို အမျိုးအစားလဲ"

ဝမ်လင်း "............."

ဗုံးပစ်စီနီယာအင်မော်တယ်က ဖန်းကွမ်း နှင့် နှိုင်းယှဉ်လျှင် အတွေ့အကြုံများစွာ တွေ့ကြုံခဲ့ရသူဖြစ်၍ သူ့လောက် မအံ့သြတော့ပေ။

"ညီနောင်ကွမ်း.. အဲဒီလောက်ထိ အံ့သြနေဖို့ မလိုပါဘူး.. နောက်ဆို တဖြည်းဖြည်း နားလည်သွားမှာပါ"

ဝမ်လင်းက မှော်လက်နက် သန့်စင်ရန် မိုက်ခရိုဝေ့ဖ်ကို အသုံးပြုသည်ကို မြင်တွေ့ပြီးနောက်တွင် အဖြူရောင် ၀တ်စုံဝတ်လူငယ်က အခြားသော အံ့သြဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရသောအခါ၌ သဘာဝအတိုင်း အံ့အားသင့်ခြင်း မရှိတော့ပေ။

ဝမ်လင်းက မည်မျှ သန်မာသည်ကို သူ မှန်းဆ၍ မရပေ။

သူ့စိတ်ထဲတွင် ဝမ်လင်းက ညီအစ်ကို တစ်ဦးမျှသာ မကဘဲ အံ့ဖွယ် ကျင့်ကြံသူ တစ်ပါးလည်း ဖြစ်သည်။

ယခင်ကဆိုလျှင် အဖြူရောင် ၀တ်စုံဝတ် လူငယ်က သူနဲ့ ဝမ်လင်း ကြားက ကွာဟချက်မှာ ခွန်အား ကွာခြားချက် တစ်ခုသာရှိသည်ဟု အမြဲတွေးခဲ့သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now