အပိုင်း(၄၆၈) စိတ်ဝိညာဥ်ခွေး၏ မရိုမသေကန်ချက်9000

14 2 0
                                    

ဤအချက်အလက်များသည် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လူနှစ်ဦးကို မော့အင်မော်တယ် ရဲတိုက်အား အမြင်သစ်ဖြင့် ကြည့်ရှုစေခဲ့သည်။

ထွင်ထျန်းဟာက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ သိမ်းပိုက်ထားသော ဝိညာဉ်သားရဲ မှောင်ခိုဈေးကွက်တွင် မွှေနှောက်ခဲ့သောကြောင့် ယင်းအဖွဲ့အစည်း တစ်ခုလုံးက အကြီးအကျယ်ထိခိုက်ခဲ့ရသည်။

ထို့နောက်တွင် ဦးလေးကျိုသည် ထွင်ထျန်းဟာ အပေါ်၌ ဝိညာဉ် အမှတ်အသားတစ်ခုကို ထားရှိခဲ့၏။

ထိုအမှတ်အသားကို အခြေခံ၍ ဥက္ကဌပိုင်က ဝိညာဉ်သားရဲများကို ဖမ်းယူရာတွင် အလွန် အောင်မြင်မှုနှုန်း မြင့်မားသော အကြီးအကဲ စန်းလန်နှင့် အကြီးအကဲဟန်အိုက် တို့ကို စေလွှတ်ခဲ့သည်။

သို့သော် အဆုံးသတ်တွင် သူတို့ကိုယ်တိုင် အသတ်ခံလိုက်ရပြီး ဘာမှမကျန်ရှိခဲ့ပေ။

ဤအကြီးအကဲနှစ်ဦး အသတ်ခံရပြီးနောက် ဥက္ကဌပိုင်က ထွင်ထျန်းဟာ၏ နေရာကိုရှာဖွေရန် လူအများအပြားကို စေလွှတ်ခဲ့သော်လည်း  ၎င်းတို့အားလုံးမှာ လက်ဗလာဖြင့်သာ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

ထိုအမွှေးစိမ်းခွေး၏ သဲလွန်စကို မော့အင်မော်တယ် ရဲတိုက်ထံတွင် အမှန်တကယ် ရရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဥက္ကဌပိုင်က မော့အင်မော်တယ် အဖွဲ့အစည်းကို အသေးစိတ် မလေ့လာခဲ့ဘဲ ၎င်းတို့၏ အကြောင်းကိုသာ ကြားဖူးခဲ့သည်။

ရဲတိုက်လေဒီ နှင့် ယခုလို အဆက်အသွယ်ရခြင်းကပင် သူ့သူငယ်ချင်း၏ ညွှန်းဆိုမှုကြောင့် ဖြစ်သည်။

ဥက္ကဌပိုင်ကျယ်သည် မော့အင်မော်တယ်ရဲတိုက်နှင့် ကနဦး ထိတွေ့ဆက်ဆံမှုအရ အချက်အလက် စုဆောင်းသည့်အပိုင်းတွင် မော့အင်မော်တယ် ရဲတိုက်သည် အခြားသော အဖွဲ့အစည်းများထက် သာလွန်သည်ဟု ထင်မြင်ခဲ့သည်။

ယင်းက မော့အင်မော်တယ် ရဲတိုက်၏ နောက်ကွယ်မှ သုတေသန ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်၏။

ထောက်လှမ်းရေး နည်းလမ်းများဖြင့် အခင်းဖြစ်ပွားရာ နေရာရှိ ဆက်စပ်သဲလွန်စ အနည်းငယ်ကို အခြေပြု၍ ရှာဖွေနိုင်ရန်အတွက် မော့အင်မော်တယ် ရဲတိုက်သည် နောက်ကွယ်တွင်အလွန်ထူးချွန်သော သိပ္ပံပညာရှင် တစ်ဦးကို ထိန်းသိမ်းထားရမည်မှာ သေချာသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now