အပိုင်း(၄၉၂) ဝမ်လင်း၏ ကမ္ဘာဦးချီ

17 1 0
                                    

တကယ်တမ်းတွင် ချုပ်နှောင်မှုကို ရာနှုန်းပြည့်ခုခံနိုင်စွမ်းသည် ခေါက်ဆွဲကြွပ်ကြော် သရေစာ စားခြင်း၏ အကျိုးသက်ရောက်မှုများထဲမှ တစ်ခု ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားသည့် စွမ်းအားမှာ ဝမ်လင်း၏ ရှေးဦးချီက လွဲ၍ တခြားမဟုတ်ပေ။

ဆိုရလျှင် ဝမ်လင်း၏ စံနမူနာထားလောက်သော ရှေးဦးချီက မစ္စတာလု၏ ​အပျက်သဘောဆောင်သော တိုက်ခိုက်မှု အားလုံးကို ဖြိုဖျက်ပေးလိုက်ခြင်းပင်။

ယခုအခါတွင် ကြမ်းတမ်းသော တိုက်ခိုက်မှုများ သာမက အဆိပ်တိုက်ခိုက်မှုများပင် ငွေရောင်လေး အပေါ်၌ သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။

ထိုထက်မက ဝမ်လင်း၏ ရှေးဦးချီသည် ကာကွယ်ရေးအတွက်သာ အသုံးဝင်သည်မဟုတ်ပေ။

သာမန် တိုက်ခိုက်မှုတစ်ခုကိုပင် အဆင့်မြင့်တိုက်ခိုက်မှုဖြစ်အောင် မြှင့်တင်နိုင်ပေသည်။

ဤရှေးဦးချီ၏ ပံ့ပိုးမှုဖြင့်ဆိုလျှင် ဝိညာဉ် နည်းစနစ်များနှင့် မှော်စွမ်းရည်များသည် စွမ်းအားနှစ်ဆခန့် တိုးလာပေလိမ့်မည်။

ရှေးဦးချီသည် ဝမ်လင်း ငယ်စဉ်ကပင် ခန္ဓာကိုယ်မှအလိုအလျောက် ထုတ်လွှတ်ခဲ့သည့် ထူးခြားသောအရာ ဖြစ်သည်။

တကယ်တမ်းတွင် ဤချီသည် ဝမ်လင်းဆန့်ကျင်ရေး ပစ္စည်းတစ်ခုပင်။

သို့ရာတွင် တာအိုစည်းတံဆိပ်ကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ ရှေးဦးချီသည် လက်ရှိတွင် ပုံမှန်အတိုင်း ရှိနေသည်။

တာအိုစည်းတံဆိပ်နှင့်သာ ထိန်းချုပ်မထားခဲ့လျှင် သူ၏ စွမ်းအင်က လက်ရှိထက် အဆမတန် ကျော်လွန်သွားလိမ့်မည် မဟုတ်ပါလား။

မိစ္ဆာဓားနတ်ဘုရားနှင့် တိုက်ပွဲတွင် ဝမ်လင်းသာ ၎င်းကို အင်ပြည့်အားပြည့် ပါးရိုက်ခဲ့မည်ဆိုလျှင် မိစ္ဆာဓါးနတ်ဘုရားသည် အရိပ်အယောင် ပင်မကျန်ဘဲ ပျက်စီးသွားပေလိမ့်မည်။

ဤအချက်ကို ငွေရောင်လေးက ကောင်းစွာသိသည်။

ဤထူးခြားသော စွမ်းအားက ဝမ်လင်း၏ ရှေးဦးချီမှန်း သူမသိသော်လည်း သူ့အနေဖြင့် ကဏ္ဍပေါင်းစုံတွင် ပိုမိုအားကောင်းလာသည်ဟု ခံစားမိသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now