*ကျိန်စာသင့်နေသောရွာ*

2K 111 3
                                    

*ကျိန်စာသင့်နေသောရွာ*

လန်ချန်းမြစ်ကြီးအနားရှိနေသော လန်ချန်း ရွာလေးတစ်ရွာက လွန်ခဲ့သည့် 5 နှစ်ကပျော်စရာများနဲ့ ပြည့်နေသော်လည်း အခုမှာတော့ နေ့စဉ်လိုလို ရွာသူရွာသားများက မပျော်ရွှင်နိုင်ဖြစ်ပြီး ခြောက်ကပ်တိတ်ဆိတ်နေတယ်။ မြစ်ကြီးကိုအမှီပြုပြီး ရေလုပ်ငန်းလုပ်ကိုင်‌ နေတာမို့ တစ်ခါတစ်ရံ ကုန်သည်တွေနဲ့ တစ်ရွာသားတွေလာတဲ့အခါ ခြောက်ကပ်နေတဲ့ ရွာကြောင့် တစ်ညတောင် ကောင်းကောင်းမတည်းရဲကြဘူး။ မှောင်စပျိုးတာနဲ့ တစ်ရွာလုံးအမှောင်ချကာ အိပ်ကြပြီး တောကောင်တွေရဲ့အသံဟာ ခြောက်ခြားဖွယ် ဟိန်းပျံ့နေတယ်။

ကျိန်စရဲ့အစက ဘယ်ကနေ ဘယ်လို‌ရွာထဲရောက်လာမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်ကနေစတယ်။ အားကောင်းတဲ့မိစ္ဆာတွေ တစ္ဆေတွေက လူတွေကြားထဲ ယောင်ဆောင်သွားလာနိုင်တာမို့ ထူးဆန်းတဲ့လူစိမ်းတွေကို ရွာကလက်မခံဘူး။ ဒါပေမယ့် ရွာသားတစ်ယောက်က အဲ့ဒီဘယ်ကမှန်းမသိတဲ့ မိန်းကလေးကို မြောက်ပိုင်းရွာက သူ့ချစ်သူပါလို့ပြောပြီးပေါင်းသင်းနေထိုင်တယ်။ မိန်းကလေးကတစ်ကောင်ကြွက်ဆိုတော့ သူ့နောက်ကြောင်းကို ဘယ်သူမှ ထွေထူးစုံစမ်းမနေတော့ဘူး။ ဒါပေမယ့် တစ်နေ့မှာ အဲ့ဒီမိန်းကလေးက တစ္ဆေတစ်ကောင်ဖြစ်နေတာကို ရွာသားတစ်ယောက်ကရိပ်မိသွားတယ်။ အဲ့တာနဲ့နောက်တစ်နေ့မှာပဲ နတ်ဆရာနဲ့ရွာသားတွေပေါင်းပြီး ရှင်းပစ်လိုက်ကြတယ်။ တ‌စ္ဆေမကို ရှင်းပစ်ပြီးနောက်နေ့မှာပဲ သူတို့ရွာက ကပ်ဆိုက်လာတယ်။ ရုတ်တရက်ကြီး မိုးမရွာပဲရေတွေတတ်တယ်။ ညသန်းခေါင်ယံ တစ္ဆေတွေရွာထဲဝင်ပြီးခြောက်လှန့်တယ်။ ကလေးတွေရဲ့ဝိဉာဉ်တွေကို နှုတ်တယ်။

ကြာလာတော့ ရွာသားတွေတုန်လှုပ်လာပြီး ပြသနာကိုဖြေရှင်းဖို့ နတ်ဆရာနဲ့တိုင်ပင်ကြတယ်။ အဲ့ဒီအချိန်မှာ နတ်ဆရာနဲ့ ချိတ်ဆက်မိသွားတယ်။

"သူကပြောတယ်။"

"ဆရာ ဘယ်သူကလဲ။"

"တစ္ဆေဘုရင်ကြီး။ သူအရမ်းစိတ်တိုနေတယ်။ "

"ကျွန်တော်တို့ ရွာသားတွေဘာအပစ်လုပ်ထားလို့လဲ။"

"သူ့ရဲ့ညီမကို မင်းတို့ရက်ရက်စက်စက်သတ်လိုက်တယ်။"

Vengeful Where stories live. Discover now