* မြို့အရှင်က သခင်လေးဝမ်ကျီးမျက်နှာပုံကိုယူသုံးထားတာလား။*
ရှောင်းကျန့်တွေးနေစဉ်မှာပဲ သခင်လေးဝမ်ကျီကရိုသေစွာဖြင့်
"ကျွန်တော် မိစ္ဆာတွေကိုနှိမ်နှင်းဖို့ တာဝန်ကျလာတဲ့အတွက် ဒီရွာလေးမှာခနလောက် နေလို့ရမလား။ မရရင်လည်းအဆင်ပြေတဲ့နေရာကိုသွားပါမယ်။"
"မဟုတ်တာပဲ။ သခင်လေးကလည်းကျွန်တော်တို့ ရွာမှာနေလို့ရပါတယ်။"
"နေဦး..."
ရွာသားအပြောကိုရှောင်းကျန့်ကတားလိုက်တယ်။
"ရွာကလူတွေအရမ်းကိုအယုံလွယ်ကြတယ်။ဟန်လူကြီးမင်းတုန်းကသင်ခန်းစာကိုမှတ်မထားကြဘူးပဲ။"
ရှောင်းကျန့်အပြောကိုလည်း ထောက်ခံကြပြန်တယ်။ ထိုအခါရှောင်းကျန့်ကပြောတယ်။
"ဒီကသခင်လေး ဝမ်ကျီးကို ကျွန်တော်တို့ကူညီပါမယ်။ ဒါကြောင့် ကျွန်တော့်အိမ်မှာတည်းခိုဖို့ ကမ်းလှမ်းပါတယ်။ ကျွန်တော်ရွာကိုအထိခိုက်မခံချင်လို့ ခုလိုစောင့်ကြည့်တာနားလည်ပေးပါ။"
အဲ့လိုပြောတော့ သခင်လေးဝမ်ကျီးက အားတတ်သရောပဲ
"ကျေးဇူးတင်ပါတယ်။ ဆေးဆရာလေး။"
ရှောင်းကျန့် ဝမ်ကျီးသခင်လေးကိုသေချာစူးစိုက်ကြည့်နေပေမယ့် ဝမ်ကျီးသခင်လေးက သိဟန်မပေါ်ပဲ ရွာသားတစ်ချို့နဲ့စကားပြောနေတယ်။ ရှောင်းကျန့်စိတ်ထဲမှာတော့ ဝမ်ကျီးသခင်လေးကို မြို့အရှင်ပဲလို့သံသယရှိနေတယ်။ ဒါအပြင် မြို့အရှင်ဖြစ်ရက်နဲ့ သူ့ကိုသူစိမ်းလိုဆက်ဆံနေတယ်ဆို သူ့အတွက်ခံပြင်းစရာပဲ။ သူသာ ခုနေများမြို့အရှင်ကိုတွေ့လိုက်ရရင် ဘာမှတောင်မစဉ်းစားနိုင်ပဲ လွမ်းလွန်းလို့ ရင်ခွင်ထဲတိုးဝင်ပစ်မိမှာ။ သူက ကိုယ့်ကိုမြင်နေရဲ့သားနဲ့ သူစိမ်းလိုနေနိုင်တယ်ဆို တော်တော်ခံပြင်းစရာကောင်းပြီး ဝမ်းနည်းစရာလည်းကောင်းမှာ။
"သခင်လေး ဒီအခန်းမှာနေလို့ရပါတယ်။"
ရှောင်းကျန့်က နေရာပေးတော့ ဝမ်ကျီးသခင်လေးက ရိုရိုသေသေပဲ အရိုသေပေးတယ်။