*တစ္ဆေဘုရင်ကြီးရဲ့ ငါးယောက်မြောက်သတို့သမီး*
အနီရောင်သတို့သမီးဝတ်စုံနဲ့ ရှောင်းကျန့်ကိုပန်းမန်နံ့သာတွေနဲ့ ပတ်ဖြန်းကာ အစီရင်ပြုလုပ်နေကြတယ်။ ဒီတစ်ကြိမ် ယဇ်ပူဇော်ပွဲမှာ ရွာသားတွေရဲ့ရင်ထဲမှာ မတင်မကျကြီးခံစားနေရတယ်။ ရွာသားတစ်ယေယက်ဆုံးရှုံးရလို့ စိတ်မချမ်းသာတဲ့အပြင် ဒီလုပ်ရပ်မှန်ကန်လားဆိုတဲ့စိတ်မျိုးနဲ့ကသိကအောက်ဖြစ်နေတယ်။
သူတို့ရှောင်းကျန့်ကိုတောင်ပေါ်ကိုခေါ်သွားကြပြီး ချောက်ကမ်းပါးအစွန်မှာထားလိုက်ကြတယ်။ သူတို့ကတော့ခပ်ဝေးဝေးကနေကြည့်နေရတယ်။ ပုဝါအောက်ကရှောင်းကျန့်မျက်ဝန်းတွေကတော့ မျက်ရည်တွေအဆက်မပြတ်စီးကျနေတယ်။ ရှောင်မားကတော့သားဖြစ်သူကို ကြည့်ရင်း အသံတိတ်ငိုကြွေးနေရရှာတယ်။ ဒီမှာ အသံထွက်လို့မရဘူး။ နတ်ဆရာအသံကလွဲ၍။
"မြို့အရှင်မင်းကြီးကို ကျွန်တော်တို့ကတိအတိုင်း သတို့သမီးဆက်သပါတယ်။"
နတ်ဆရာကထိုသို့ပြောပြီးနောက်ဆုတ်သွားတယ်။ မကြာခင်မှာတော့ကောင်းကင်တစ်ခုလုံးမဲလာပြီး တိမ်လိပ်အမဲတွေက ရှောင်းကျန့်ကိုဆွဲယူသွားတော့တယ်။
"အားကျန့်..."
"ရှောင်းအမကြီး စိတ်ကိုထိန်းပါ။ ရှောင်းအမကြီး...ရှောင်းအမကြီး..."
ရှောင်မားကထိုနေရာမှာပဲသတိလစ်သွားခဲ့တယ်။
____________
ဒါမြို့ကြီးတစ်ခုလို့ပြောရမလား။ တစ်လမ်းလုံးမီးပုံးအနီတွေချိတ်ထားတယ်။ လူတော့တ်ယောက်မှမတွေ့ရပဲ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ပတ်ဝန်းကျင်ကအနီရောင်လွှမ်းနေတယ်။ ကောင်းကင်ကြောင့်လား အနီရောင်အသုံးဆောင်တွေကြောင့်လားဆိုတာ ပုဝါကာထားလို့သိပ်မမြင်ရဘူး။ သူ့အရှေ့မှာ အစောင့်နှစ်ယောက် အနောက်မှာအစောင့်နှစ်ယောက်ရှိတယ်။ သူတို့က မဲမဲအရိပ်ကြီးတွေပဲ။
"ဝင်တော့..."
အနီရောင် နန်းဆောင်ကြီးတစ်ခုရှေ့မှာ ရှောင်းကျန့်ရပ်လိုက်တယ်။ ဒါဟာ လူနေနန်းဆောင်မဟုတ်ပဲ ညီလာခံ နန်းဆောင်နဲ့တူတယ်။ ရှောင်းကျန့် အတွေးမှမဆုံးခင်တံခါးကပွင့်လားတယ်။