ရှောင်းကျန့်ရိပေါ်ကို လှည့်ကြည့်မလာတော့ပဲ ဟိုလျှောက်ဒီလျှောက်လုပ်နေတယ်။ သူရင်တွေအရမ်းခုန်နေတယ်။ ရိပေါ်ပြောတဲ့အမှတ်တရတွေဆိုတာဘာလဲ။ စိတ်လှုပ်ရှားစရာကောင်းလား။
ရိပေါ်ကသူ့အနောက်က တကောက်ကောက်လိုက်လာရင်း
"မှတ်မိတာရှိလား။"
ရှောင်းကျန့်ခေါင်းခါတယ်။
"ဒီမှာ ကိုယ်တို့ တစ်နေကုန်နမ်းခဲ့ကြတာ။ "
အဲ့လိုပြောတော့ရှောင်းကျန့်မျက်နှာလေးရဲသွားတယ်။
"ငါ ငါတို့ ဒီထက်ပိုပြီး ဘာလုပ်သေးလဲ။"
"အကုန်ပဲ..."
"မင်း.."
မဟုတ်တာမပြောနဲ့ဆိုတဲ့ ပုံစံနဲ့ရှောင်းကျန့်ရိပေါ်ကို ရိုက်ရန်ရွယ်လိုက်စဉ် ရိပေါ်သူ့လက်ကိုဖမ်းပြီး ရင်ဘက်ချင်းဆွဲကပ်ပစ်လိုက်တယ်။ ထိုအခါ ရှောင်းကျန့်ရင်ခုန်သံကိုခံစားမိပြီးရိပေါ်ပြုံးမိသွားတယ်။ ရှောင်းကျန့်ကတော့ရှက်လွန်းလို့ ဘယ်ပြေးရမှန်းမသိတော့ဘူး။
"အဲ့လောက်ရှက်မနေနဲ့ မင်းနဲ့ကိုယ်မလုပ်ဖူးတာဘာမှမရှိဘူး။"
"မင်းကငါ့ကို ချစ်ခဲ့တာလား။"
"အင်း!"
" မင်းကရုပ်ချောသားပဲ။ မင်းကိုသဘောကျတဲ့သူတွေလည်းရှိမှာပဲ။ ဘာလို့ငါ့ကိုလဲ။"
"ဘယ်လိုပြောရမလဲ။ အစွာလေးကိုပညာပေးရင်း ချစ်သွားတာပေါ့။"
"မင်းငါ့ကိုပညာပေးတယ်။ "
ရှောင်းကျန့်မျက်မှောင်ကြီးကုတ်သွားတာမို့
"အဲ့ အဲ့တာ ချစ်လို့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ မင်းကလည်း အကပ်မခံတာနဲ့....."
"ကြည့်ရတာ မင်းနဲ့ငါရဲ့ စတင်တွေ့ဆုံမှုမှာပြသနာရှိခဲ့တယ်ထင်တယ်။"
"ကိုယ်မင်းကို တစ်ခါမှ အနိုင်မကျင့်ပါဘူး။ ယုံပါ.."
ရိပေါ်သူ့အနောက်ကနေဖက်ပြီး လည်တိုင်လေးကိုတဖွဖွနမ်းရှုံ့လာတော့ ရှောင်းကျန့်ရုန်းထွက်သွားတယ်။ ရိပေါ်ထိတွေ့လိုက်တိုင်း ရင်ဘက်တွေပေါက်ထွက်တော့မလိုပဲ။