"သားတော်လေး.."
"မြောင်...."
ဖခင်က ခေါ်တာကို ရှောင်းကျန့်ထူးလိုက်တာကြောင်သံထွက်လာတယ်။ ပြီးတော့သူ့ကိုယ်သူငုံ့ကြည့်တယ်။
"ငါကကြောင်လား။"
ရုတ်တရက် မှတ်ဉာဏ်အချို့ခေါင်းထဲမှာ လည်ပတ်လာပြီးနောက် သူဟာ နတ်မင်းကြီးရဲ့သားတော်ကြောင်လေးဆိုတာ သတိရသွားတယ်။
"သားတော်ကို ဒီတံငါရွာလေးကအလိုရှိနေတယ်။ သားတော် ခနသွားရမယ်နော်။"
"ခမည်းတော်နဲ့ မခွဲနိုင်ဘူး။"
"ရွာသားတွေက ခမည်းတော်တို့ကို အမြဲပူဇော်ပသနေတာ။ မကြာခင်ဒီရွာလေး အန္တရာယ်ကျရောက်တော့မှာ။ ခမည်းတော်တို့ ဘာမှလုပ်လို့မရပဲ ရပ်ကြည့်နေတာထက်စာရင် ခုလိုမျိုးကူညီရအောင်လား။"
"ခမည်းတော်က သားတော်ကိုခွဲနိုင်တယ်ပေါ့ ။"
"ခနလေးပါပဲ သားတော်ရာယ်။ သားတော်သာ လူ့ပြည်မှာ မပျော်သွားစေနဲ့။"
"ဒီလောက် ဒုက္ခတွေ အပူတွေများတဲ့ လူ့ပြည်မှာ သားတော်ကဘာလို့ပျော်ရမှာလဲ။ ပြီးတာနဲ့ ချက်ချင်းပြန်လာမှာ။"
ခမည်းတော်က သူ့ကိုပွေ့ချီပြီး တံငါရွာထဲကအိမ်တစ်အိမ်ရှေ့မှာချပေးလိုက်တယ်။
"ဝင်သွားလိုက်သားတော်။"
လူ့သတ်တမ်းက နတ်သတ်တမ်းနဲ့ယှဉ်ရင် ခနလေးပဲမို့ သူတို့သားအဖအတွက် အပန်းမကြီးသလို ပျော်ပျော်ရွှင်ရွှင်ပဲ နှုတ်ဆက်ခဲ့တာဖြစ်တယ်။
"ခမည်းတော်။"
ရှောင်းကျန့် အိပ်ယာကလန့်နိုးလာတော့ သူ့ဦးနှောက်က ပုံမှန်အလုပ်လုပ်နေပြီ။ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်တယ်။ သူဟာ နတ်ပြည်က ဖခင်နဲ့ လူ့ပြည်က မိခင်ကို ထားခဲ့ပြီး တစ္ဆေတစ်ကောင်ကိုရွေးချယ်ခဲ့တာပါလား။ အချစ်အတွက်နဲ့ မိဘတွေကို ကျောခိုင်းခဲ့တာ။ မိုက်တဲ့သား။သားမိုက်............. ဒါပေမယ့်လည်း
*တောင်းပန်ပါတယ် ခမည်းတော်။ တောင်းပန်ပါတယ် မား။ မြို့အရှင်ရဲ့ချောမောမှုနဲ့ ခန့်ညားမှုက ကျွန်တော့်ကိုနွံလိုပဲဆွဲနှစ်ထားတယ်။ ကျွန်တော်က တစ္ဆေဖြစ်ဖို့ကံပါလာတာထင်တယ်။ ကြောင်တစ္ဆေပေါ့။*