"ဒါဘယ်နေရာလဲ။"
သစ်ပင်ကြီးတွေနဲ့ အုပ်ဆိုင်းနေလို့ အလင်းရောင်ဆိုလို့ နေပြောက်သေးသေးလေးတွေသာကျရောက်နေတယ်။ နှစ်ချို့နေပြီလို့ယူဆရတဲ့ သစ်ပင်ကြီးအောက်က နတ်ကွန်းလေးက သူတို့နှစ်ယောက်ကိုစောင့်ကြိုနေတယ်။ စည်းစိမ်ချမ်းသာနဲ့ အခြွေရံမရှိပဲ အေးစက်ခြောက်ကပ်တဲ့ဒီလိုနေရာမှာ သူတို့နှစ်ယောက်အတွက် ပြစ်ဒါဏ်ကျခံရတဲ့အနေနဲ့ နေရမယ်တဲ့။
"ဒါက ရွာနှစ်ရွာကြားမှာရှိတဲ့တော့အုပ်ပဲ။ ထင်းရှာ အမဲလိုက် ရွာသူရွာသားတွေဖြတ်သွားဖြတ်လာရှိပေမယ့် ဒီလောက်တောနက်တဲ့ အထဲ သိပ်မလာကြဘူး။ ဆေးဖော်တဲ့လူတွေသာ မလာမဖြစ်လာကြတယ်။"
"ဒါဆို ငါတို့မှာညအခြွေရံလည်းမရှိဘူး။ ရွာနဲ့လည်းဝေးတော့ ကိုယ်တိုင် ချက်ပြုတ်ရတော့မှာပေါ့။"
ရှောင်းကျန့်က ရိပေါ်ရဲ့ပေါင်ပေါ်မှာလှဲအိပ်လိုက်တယ်။ တိတ်ဆိတ်အေးစက်နေတဲ့နေရာက ချစ်တဲ့သူနဲ့ကြတော့ ရင်ကိုအေးနေရော။ ရိပေါ်ကသူ့နှဖူးလေးကို သပ်လိုက်တယ်။
"ကျန့် ဟင်းမချက်ချင်ရင် ကိုယ်ချက်ကျွေးမှာပေါ့။"
ရှောင်းကျန့်က သက်ပြင်းလေးချလိုက်ပြီး
"အဲ့ဟင်းတွေချက်နေရရင်ငါတို့ ချစ်ရတဲ့အချိန်တွေလျှော့သွားမှာပေါ့။ အဝတ်တွေလည်းလျှော်ရဦးမယ်။ အိုက်ယား....ခက်ခဲလိုက်တာ။"
ရိပေါ် ပြုံးပြီးတော့ပဲ ကြည့်နေမိတယ်။
"ကိုယ်တော့ပျော်တယ်။"
ရှောင်းကျန့် မျက်လုံးလေးဖွင့်ပြီးရိပေါ်ကို ကြည့်လာတယ်။ ရိပေါ်ကသူ့ကိုကြင်ကြင်နာနာနွေးနွေးထွေးထွေးကိုကြည့်နေပြီး
"မကြာခင် မင်းဗိုက်ဆာတော့မယ်။ ကိုယ်တို့စားဖို့အတွက်အချိန်နည်းနည်းပေးရအောင်။"
"ဟွန့်....ဒီနေ့တော့ ယောက်ျားပဲချက်တော့။"
ရိပေါ်ခေါင်းလေးခါပြီးပြုံးလိုက်တယ်။
"ကိုယ်အမြန်ဆုံးချက်ပြီး လာခဲ့မယ်။"
ရိပေါ် တောထဲဝင်သွားပြီး လိုအပ်တာတွေရှာဖွေကာ ချက်ပြုတ်ဖို့စီစဉ်တော့တယ်။
ရှောင်းကျန့် ခပ်ပျင်းပျင်းရှိတာမို့ အရှေ့ဝရံတာမှာလှဲအိပ်ပြီး အသွားလာအနည်းငယ်ရှိတဲ့လမ်းလေးကိုငေးကြည့်နေတယ်။