*အငိုသန်တဲ့ ဇနီးလေးကို မြို့အရှင်ကချော့တယ်*
ဆူညံသံတစ်ချို့ကြောင့် မှေးကနဲအိပ်ပျော်နေရာမှရှောင်းကျန့်နိုးလာတယ်။ အဲ့တာမိုးရွာတဲ့အသံဖြစ်လိမ့်မယ်။ မိုးရွာတဲ့အသံတင်မကပဲ ကာ်ပါယူပါတဆာဆာ ခြောက်ခြားဖွယ်အော်ဟစ်နေတဲ့အသံလည်းပါတယ်။ အခန်းထဲဝေ့ကြည့်တော့ ထီးအနီလေးတွေ့တာနဲ့ ရှောင်းကျန့်ထီးလေးယူပြီး ဆင်းသွားလိုက်တယ်။ ဒီကကောင်းကင်ကအမြဲအနီရောင်သန်းတယ်။ ညဘက်မှောင်နေတဲ့အချိန်အနီရောင်သန်းနေတာက ကြောက်ဖို့အရမ်းကောင်တယ်။ သူကနန်းဆောင်ထဲကနေအပြင်ကို ကြည့်လိုက်တယ်။ အဲ့အချိန်မှာ ရှောင်းကျန့်တော်တော်ထိတ်လန့်သွားတယ်။ မြို့ထဲမှာတစ်ယောက်မှ မရှိကြဘူး။ အိမ်ထဲကမထွက်ကြတာဖြစ်နိုင်တယ်။ ပြီးတော့ ကောင်းကင်ပေါ်ကကျတာ ရေမဟုတ်ပဲ မီးကျီခဲတွေဖြစ်နေတယ်။
အဲ့ဒီမြေကြီးပေါ်မှာ အသက် 50 အရွယ်အမျိုးသမီးတစ်ယောက်က မြေပြင်မှာ လူးလိမ့်ပြီး ကယ်ပါယူပါတဆာဆာအော်နေတယ်။ မီးကျီခဲတွေက သူ့ခန္တာကိုယ်ပေါ်ကျတိုင်း သူ့အသားတွေကလောင်ကျွမ်းပြီးတဆက်ဆက်တုန်ခါနေတယ်။ သူ့အမေအရွယ်မို့ရှောင်းကျန့် ကြည့်ရင်းဝမ်းနည်းတုန်လှုပ်လာတယ်။ ရှောင်းကျန့်စိတ်ကို တင်းထာူရတာတွေတော်တော်လေးများနေတာပြီဖြစ်တယ်။ ကြောက်စရာ လူတွေ။ ကြောက်စရာပတ်ဝန်းကျင်နဲ့ ကြောက်စရာ ခေါင်းဆောင်ကြီးနဲ့ပါပေါင်းဖက်နေရတယ်။
"အဒေါ် အဆင်ပြေရဲ့လား။"
ရှောင်းကျန့်အသံကြောင့် သူ့ကရှောင်းကျန့်ကိုလှည့်ကြည့်ကြည့်လာပြီး ပိုမိုအော်ဟစ်ငိုယိုတော့တယ်။ အဲ့ဒီအခါရှောင်းကျန့်လည်းထီးဖွင့်ကာ ငရဲမိုးထဲဆင်းကြည့်တော့ ထီးကိုမပေါက်တာတွေ့လိုက်ရတယ်။ ဒါနဲ့သူလည်းအမြန်ပြေးပြီးအမျိုးသမီးကိုယ်ပေါ်ကနေသွားဆောင်းပေးလိုက်တော့ အမျိုးသမီးကအော်ဟစ်ရာကငြိမ်သက်သွားတယ်။ သူ့တစ်ကိုယ်လုံးက အနီးကပ်ကြည့်တော့မှ မီးကျွမ်းရာတွေကြောင့်ပျက်စီးနေတယ်။ မျက်စိတစ်လုံးကအပြင်ကိုပြူးထွက်ပြီးပြုတ်ကျလုနီးပါးဖြစ်နေတယ်။ ရှောင်းကျန့်လန့်ပြီးနောက်ဆုတ်တော့ သူ့လက်ကိုပြန်ဆွဲထားတယ်။