*မြို့အရှင်က ဇနီးလေးကိုသိပ်ချစ်တယ်*
တစ်နှစ်တောင်ကျော်ပြီ ရွာမှာလည်းအေးချမ်းပြီး မိစ္ဆာဘုရင်ကြီးလည်းမသောင်းကျန်းတော့တာကြောင့် ဟန်လူကြီးကတိပေးထားတဲ့အတိုင်းဖြစ်လာတယ်ဆိုပြီး ဟန်လူကြီးက ဩဇာကြီးနေတယ်။ အရင်က ရွာထဲမှာ ရွာသားအယောက်တစ်ရာရှိတယ်ဆို အခု သုံးရာလောက်ရှိနေတယ်။ မြေတွေရှင်းပြီး ရွာကိုကြီးသည် ထက်ကြီးအောင်တိုးချဲ့ကြတယ်။ ရွာထဲကို ပြောင်းရွှေ့ဝင်လာတဲ့ တစ်နယ်သူ တစ်နယ်သားတွေနဲ့ တစ်ချို့ရွာထဲကသူတွေလည်း အိမ်ထောင်ကျတယ်။ ပျောက်ဆုံးသွားတဲ့ သတို့သမီးလေး.. ငါးယာက်ကိုတော့ သူတို့မေ့လျှော့နေခဲ့တယ်။
-------ရင်ဘက်ပေါ်ကတလှုပ်လှုပ် နဲ့နိုးထလာတဲ့ သူ့ဇနီးလေးက ဘာပူဆာဦးမလဲဆိုတာ မသိနိုင်ဘူး။ လူသားတစ်ယောက်သိသင့် သိထိုက်တာထက်ကိုပိုပြီး နှံ့စက်နေတာမို့ မြို့သားတွေက မြို့အရှင်ကိုသတိပေးတယ်။ မြို့အရှင်လည်း တားပေမယ့်လို့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ ဘာမှ မစားပဲစိတ်ကောက်ပြရင် သူလည်းမတတ်နိုင်ဘူး။
တစ်ခုတော့စိတ်ချရတာက ရှောင်းကျန့်ထွက်မပြေးဘူးဆိုတာပဲ။ သူမြို့ဂိတ်တံခါးကိုသိနေတာကြာပြီဆိုပေမယ့် အဲ့ဒီဖက်ကိုလုံးဝခြေဦးမလှည့်ဘူး။
"ဝှား..."
နိုးလာသူက ထထိုင်လိုက်ပြီး မျက်လုံးလေးဝေ့ကာ အကြံစဉ်စထုတ်တယ်။ ရိပေါ်လည်းကျောချမ်းရတယ်။ သူမသွားသင့် မသိသင့်တာတွေရှိတယ်မဟုတ်လား။ အဲ့တာတွေတောင်းဆိုလာရင် သူအကြပ်တည်းဖြစ်မှာ။ သူ့ဇနီးလေးတောင်းဆိုတာကိုလည်း မငြင်းရက်။ တစ်ဖက်မှာလည်း ပြသနာတတ်မှာ။
"ကောကော..."
ရှောင်းကျန့်က သူ့ကိုထိုင်ကြည့်နေတဲ့ ရိပေါ်ရဲ့ရင်ခွင်ထဲကို တိုးဝှေ့ကာပွတ်သက်လာတော့ ရိပေါ် အလိုက်သင့်လေးခေါင်းကိုပွတ်ပေးလိုက်တယ်။
"ကိုယ့်ချစ် ဇနီးလေး ဘာတောင်းဆိုချင်သေးလဲ။ "
"ဒီတစ်ခါတော့ ချယ်ရီပင်ကြီးအောက်မှာ တစ်နေကုန်ကောကောနဲ့ နေချင်တယ်။"