*ရွာကိုကြီးစိုးထားတဲ့ မိစ္ဆာကြီးရုပ်လုံးပေါ်လာတယ်။*
______မနက်မိုးလင်းတာနဲ့ ရှောင်းကျန့်နဲ့သူ့အမေက ဟင်းတွေချက်ပြုတ် ၊သစ်သီးတွေနွှာပြီး မြို့အရှင်ကို မှန်းဆဆက်သကာ ခွင့်လွှတ်ဖို့တောင်းပန်ကြတယ်။
"မားတို့နေ့တိုင်း ဆုတောင်းရင် မြို့အရှင်က ခွင့်လွှတ်ပေးလောက်မှာပါ။"
"ဟုတ်ကဲ့။"
"အားကျန့် ရှောင်မိန်.."
"ဦးလေးယီ။"
"ငါမနေ့ည သန်းခေါင်က ထူးဆန်းတာတွေ့တယ်။"
"......"
"ရွာထဲမှာ လူတစ်ယောက်လျှောက်သွားနေတယ်။ ပုံမှန်ဆိုအဲ့အချိန်ငါလည်း အိပ်ပြီ။ ချောင်းရေစီးသံကြီးကပုံမှန်မဟုတ်လို့ အိပ်မပျော်ဖြစ်နေတာနဲ့ ငါထကြည့်လိုက်တာ။"
"ကျွန်တော်ရောပဲ ထူးဆန်းတာတွေ့တယ်။"
ရှောင်းကျန့်ရာယ် သူ့အမေရာယ် ဦးလေးယီရာယ် အိမ်လေးထဲမှာ တိတ်တဆိတ် တိုင်ပင်နေကြတယ်။
"ဟန်လူကြီး မရိုးသားတာသိပေမယ့် ကျွန်တော်ထင်တာသူ့ကို ဒီအတိုင်း အပြစ်သားတစ်ယောက် ၊ မကောင်းတဲ့သူတစ်ယောက်လို့ပဲထင်တာ။ ခုလောက်ထိ မတွေးဖူးဘူး။"
"သူကမကောင်းဆိုးရွားဆို ဘာလို့ဟိုးအရင် နတ်ဆရာကြီးရှိကတည်းက ရွာမှာရှိနေတာလဲ။"
ဦးလေးယီရဲ့အမေးကို ရှောင်းကျန့်က
"နတ်ဆရာက မိစ္ဆာတစ်ကောင်နဲ့ပေါင်းပြီး ရွာကိုသစ္စာဖောက်သွားတာ။ အဲ့တာကြောင့်မြို့အရှင်က သတ်လိုက်တာ။ အဲ့တော့အဲ့မိစ္ဆာက ဟန်လူကြီးဆိုတာသေချာ နေပြီ။ ပြီးတော့ ရွာမှာ နတ်ဆရာပြီးရင် အရေးပါတာ ကျွန်တော်ပဲ။ အဲ့တာကြောင့် ကျွန်တော့်ကို ပထုတ်တာ။"
အဖြစ်ပျက်တွေက ချိတ်ရင်း ချိတ်ရင်း အဆက်စပ်မိလာတယ်။
"ဦးလေးလည်း နဲနဲပါးပါးနားလည်တတ်ကျွမ်းတယ်ဆိုပေမယ့် အကောင်ကြီးရင်မနိုင်လောက်ဘူး။ "
"ဘယ်လိုလုပ်မလဲ အားကျန့်မြင်တဲ့ပုံအရ ရွာထဲမှာ မကောင်းဆိုးရွားတွေ ရောနှောနေထိုင်နေပြီထင်တယ်။"