"ကလေးကိုပြန်ပို့ပေးလိုက်ပြီ။"
ဝမ်ရိပေါ်ရဲ့အပြောကို ရှောင်းကျန့်မယုံသလိုကြည့်နေတယ်။ ဒါနဲ့ဝမ်ရိပေါ်ကရှောင်းကျန့်ပုခုံးကနေ ကိုင်ပြီး ဖြေးညှင်းစွာပဲမှန်တင်ခုံရှေ့မှာထိုင်စေတယ်။ ကြေးမှုံမှန်ထဲကနေ ရှောင်းကျန့်က မြို့အရှင်ရိပေါ်ကိုကြည့်နေတယ်။ ရိပေါ်က ဘီးတစ်ချောင်းယူလိုက်ပြီး သူ့ဆံနွယ်တွေကိုဖြေးညှင်းစွာဖြီးလာတယ်။
"ဆံပင်တွေက လှသားပဲ။"
အဲ့လိုပြောတော့ရှောင်းကျန့်ကခပ်ယဲ့ယဲ့ပြုံးပြီး
"မင်းတို့ဆီကအလှဘုရင်မဆိုတာထက် ငါအစစရာရာသာနေတာ မင်းမျက်လုံးထဲလှတယ်မြင်တာမဆန်းပါဘူး။"
ရိပေါ် ဘီးဖြီးနေတဲ့လက်တွေရပ်တန့်ကာ တအံ့တဩသူ့ကိုမှန်ထဲကပြန်ကြည့်လားပြီး
"ဟား ဟား ဟား မင်းကတော့ပုံမှန်မဟုတ်ဘူးပဲ။ ယုံကြည်မှုသိပ်လွန်ကဲနေပါလား။ "
"မဟုတ်ဘူးလား။"
ဝမ်ရိပေါ် စကားဆက်မပြောပဲ အရှေ့ကကြေးမှုံမှန်ကို လက်ဖြင့်တစ်ချက်ဝှေ့လိုက်တယ်။ ထိုအခါကြေးမှုံမှန်က ရှောင်းကျန့်မဟုတ်ပဲ တစ်ခြားပုံရိပ်တွေပေါ်လာတယ်။
"ကိုယ့် ကတိအတိုင်း ကလေးကိုပြန်ပို့လိုက်ပြီ။"
"ရွာကိုရော လွှတ်ပေးမှာလား။"
"ဒါပေါ့ ငါက ကတိတည်တယ်။"
ကြေးမှုံပေါ်မှ ပေါ်လာတာ ရှောင်းကျန့်တို့ရွာလေး။ ချန်အာတစ်ယောက်ပျော်ရွှင်စွာဆော့နေတာကို သူတွေ့တော့ စိတ်အေးသွားတယ်။ ရွာထဲကလူတွေလည်းအဆင်ပြေနေပုံပေါက်တော့ ပိုပြီးစိတ်ချမ်းသာသွားတယ်။
ဒါပေမယ့်"မား....မားရော....မားကိုတွေ့ချင်တယ်။"
"မင်းအမေ ရွာမှာမရှိဘူး။"
မားကအစတည်းက ရွာကထွက်သွားမယ်ပြောထားတော့ မရှိတာဟုတ်လိမ့်မယ်။ ဒါပေမယ့်သူ့အမေကိုတွေ့ချင်တယ်။ ရှောင်းကျန့်မျက်နှာလေးညိုးပြီး မျက်လွှာလေးချကာ သက်ပြင်းလေးခိုးချလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ရိပေါ်က မှန်ကိုလက်နဲ့ထပ် သပ်လိုက်တယ်။