ဒီည တစ္ဆေမြို့ကြီးတစ်ခုလုံးအရမ်းတိတ်ဆိတ်နေတယ်။ အေးချမ်းတဲ့အရိပ်ယောင်ဖြစ်နေပြီးနေလို့ထိုင်လို့ကောင်းတယ်။ တစ္ဆေမြို့အရှင် ဝမ်ရိပေါ်ကတော့ အိပ်ချိန်မတန်သေးပဲ ကုတင်ပေါ်မှာအိပ်ဖို့နေရာယူထားတယ်။ ရှောင်းကျန့်ကဘေးမှာ ဝင်အိပ်လိုက်ပြီး
"ကောကော...အစောကြီးရှိသေးတယ်။"
"ကျန့်"
"ဟင်!"
"ကိုယ့်ကလေးကို မင်းဗိုက်နဲ့လွယ်ပြီး အပင်ပန်းခံမွေးစရာမလိုတာသိတယ်မလား။"
"အင်း။"
"အဲ့တော့ ကိုယ်မင်းကိုတောင်းတဲ့ ကတိပြောင်းချင်တယ်။"
"ကောကော ဘာပဲတောင်းတောင်း ကျွန်တော်ကလုပ်ပေးဖို့အသင့်ပဲ။ ကျွန်တော်ကောကောကို အရမ်းဖြစ်နေတာ။"
ရှောင်းကျန့်က ချွဲပြီး ရင်ခွင်ထဲတိုးဝင်လာတော့ ရိပေါ်လက်သီးတွေတင်းနေအောင်ဆုပ်ပြီး စိတ်ကိုထိန်းထားလိုက်တယ်။
"ကိုယ့်နားမှာအမြဲရှိနေပေးပါမယ်လို့ ကတိပေးလား။"
"ရတာပေါ့ ခုတောင်လိုက်လာပြီပဲကို။"
"အင်း အဲ့တာလေးပြောမလို့ပါ။ အိပ်တော့နော်။"
"အစောကြီးရှိသေတယ်။"
"ကိုယ်မနက်ဖြန်တစ်နေကုန် အပြင်သွားစရာရှိလို့ အိပ်တော့မယ်။"
သူနဲ့ အတူမလုပ်တော့ဘူးဆိုတဲ့ အဆိုးလေးကို ရိပေါ်လျစ်လျူထားလိုက်တယ်။ အဆိုးလေးကငြိမ်ငြိမ်မနေပဲ နောက်ကနေ ဖက်တွယ်ကာ ပွတ်သပ်နေသေးတယ်။ သူ့လည်တိုင်ကိုပါမထိ တထိလေးတဖွဖွနမ်းနေသေးတယ်။ ဒီတစ်ခါပဲ ရိပေါ်ဒီတစ်ခါပဲ သည်းခံလိုက်ရင် နောက်ဆို အဆိုးလေးဖက်ကပဲ တောင်းဆိုလာလိမ့်မယ်လို့သူယူဆလိုက်တယ်။
"ကောကော.."
"......."
"ကောကော..."
"အင်း...."
"အိပ်ပြီလား။"
"အင်း...."
ရှောင်းကျန့်နောက်ကနေ ဟိုနှိုက်ဒီနှိုက်လုပ်လာပြီး
"မာနေရဲ့သားနဲ့။"