ပုခုံးတစ်ခုက နာကျင်မှုနဲ့ရှောင်းကျန့်နိုးလာတယ်။ သူနိုးလာတော့ဂူထဲမှာပဲ ရှိသေးတယ်။ ပြီးတော့ အနံ့မွှေးမွှေးလေးတစ်ခုရလိုက်တယ်။
"ဆရာလေးရှောင်း နိုးပြီလား။"
သခင်လေးဝမ်ကျီးက ငှက်ကင်ပေးထားတာဖြစ်ပြီး အသီးဖျော်ရည်ပါ ပါနေသေးတော့ ရှောင်းကျန့်အံ့ဩသွားတယ်။ ဖျော်ရည်ကတော့ သူ့အခွံထဲမှာပဲထည့်ဖျော်ထားတယ်။
"သဘောကျတယ်မလား။ ကျွန်တော် ဒီနားတစ်ဝိုက်ကနေရှာလာတာ။"
ရှောင်းကျန့်လည်း ဗိုက်ဆာနေတာမို့ သူလုပ်ပေးတာကို စားလိုက်တယ်။
"စားပြီးရင် အိမ်ပြန်ကြမယ်။"
ထိုအခါရှောင်းကျန့်က မျက်နှာငယ်လေးနဲ့
"ငါလမ်းလျှောက်နိုင်မယ်မထင်ဘူး။"
"ကျွန်တော် ချီသွားပါမယ်။"
"ဒါနဲ့ ဒီမှာ မိစ္ဆာတွေကိုရှင်းပြီးပြီဆိုတော့ ပြန်တော့မှာပေါ့။"
"ဟုတ်တယ်။ အရပ်ရှစ်မျက်နှာက လက်တလောသောင်းကျန်းနေတဲ့မိစ္ဆာတွေကိုရှင်းပေးဖို့ တာဝန်ပေးခံရတာ။ အခုတော့ပြန်ရတော့မယ်။ မပြန်ခင် ဆေးဆရာလေးရှောင်းကိုအိမ်ပြန်ပို့ပေးပါမယ်။"
သခင်လေးကရှောင်းကျန့်ကို ကုန်းပိုးစေလိုက်တယ်။ ရှောင်းကျန့်လည်း နာကျင်တာရော ဝမ်းနည်းတာပါပေါင်းပြီး ငြိမ်ငြိမ်လေးပဲလိုက်လာခဲ့တယ်။ သူ့စိတ်တွေရှုပ်ထွေးနေတယ်။ သခင်လေးအပေါ်မှာလည်းသာယာနေမိတယ်။ အဲ့တာကလည်းသေချာပေါက် သခင်လေးကမြို့အရှင်နဲ့တူနေတာကြောင့်ပဲ။
"ဘာလို့ ငါပဲနာကျင်ပြီးကျန်ခဲ့တာလဲ။"
ကျောကုန်းပေါ်ကရှောင်းကျန့်က အဆက်ဆက်မရှိမေးလာတော့ သခင်လေးဘာပြန်ပြောရမှန်းမသိဖြစ်နေတယ်။
"မြို့အရှင်လည်း ငါ့ကိုချစ်တယ်ဆိုပြီး ထားခဲ့တယ်။ သခင်လေးကလည်း ငါ့ကိုသဘောကျတယ်ဆိုပြီးထားခဲ့တယ်။"
"ကျွန်တော်ထားခဲ့တာမဟုတ်ပါဘူး။ ဆရာလေးဆီမှာမြို့အရှင်ကနေရာယူပြီးသားမဟုတ်လား။ ကျွန်တော့်အတွက်နေရာမရှိဘူးလေ။"
